🌺Part.14🌺

3.4K 60 2
                                    

Unicode

ငွေ့ရည်မရှိတဲ့သူတို့အိမ်လေးကအရင်နဲ့မတူပဲခြောက်သွေ့နေလေ၏။
ဘယ်လိုပဲနီးနီးလေးဆိုပေမယ့်ချစ်ရသူကိုမျက်စိရှေ့မှာပဲထားချင်သည်။

အိမ့်မှူးကလ​ည်းငွေ့ရည်မရှိတော့အတော်လေးပျင်းနေပုံရ၏။

''ကိုကို မနက်ဖြန်ကိုကို့နားရက်မလား ငွေ့ရည်ဆီအလည်သွားရအောင်လေ''

သူတို့ညစာစားနေရင်းအိမ့်မှူးကပြောလာသည်။

''အာ အဲဒါက ကိုကိုအပြင်သွားစရာရှိတယ်ညီမလေးရဲ့''

''ဘယ်လဲ''

''ညီမ​လေးမသိပါဘူး''

အိမ့်မှူးကစူပုပ်၍စင်္ကြာဘက်လှည့်ကာ

''စင်္ကြာ ငါတို့နှစ်​ယောက်မနက်ဖြန်ငွေ့ရည်ဆီသွားရအောင်''

''မနက်ဖြန်ငါ့မိဘတွေရန်ကုန်ကိုလာမှာ''

''အယ် ဟုတ်သားပဲ အဲဒါကိုမေ့နေတာ ဒါဆိုငွေ့ရည်ဆီနောက်မှသွားတော့မယ်''

ဤသို့ဖြင့်အိမ့်မှူးကငွေ့ရည်ဆီသွားမယ်ကိစ္စကိုဆက်မပြောတော့ပေ။

''ဦးလေးတို့လာမှာကိုဘာလို့ငါ့ကိုမပြောတာလဲစင်္ကြာ''

''ကျွန်တော်လည်းနေ့လည်ကမှသိရတာအစ်ကိုရ''

''မင်းကိုပြန်လာခေါ်တာလား''

''အင်း ဆိုပါတော့ ဒါပေမယ့်ချက်ချင်းတော့မပြန်သေးဘူး ကျွန်တော်နဲ့လူကြီးချင်းသဘောတူထားတဲ့ကောင်မလေးနဲ့တွေ့ပြီးစေ့စပ်ကြဦးမှာ ကျောင်းပြီးရင်လက်ထပ်ပေးကြမှာ''

''အဲဒါမျိုးကဒီခေတ်မှာရှိသေးလို့လား အဲ့ကောင်မလေးကရုပ်ဆိုးနေရင်ဘယ်လိုလုပ်မလဲ''

''ငါ့မိဘတွေကတော့သူတို့သားလေးအတွက်ရုပ်ဆိုးပန်းဆိုးကိုရှာထားပါ့မလား''

''နင်သူ့ကိုမြင်ဖူးလား''

''ငါနဲ့ရွယ်တူလို့ပြောတာပဲ''

''ဪ ကောင်းပါတယ်''

လူငယ်တွေရဲ့စကားဝိုင်းမှာသဝဏ်နှုတ်ဆိတ်၍သာနေလိုက်သည်။
မနက်ဖြန်သူ့ကလေးနဲ့လျှောက်လည်ဖို့အတွက်သာရင်တွေခုန်နေမိတော့၏။

🌺My cutie baby🌺[completed]Where stories live. Discover now