🌺Part.5🌺

3K 67 0
                                    

Unicode

နေ့လည်ရောက်တော့ထားထားကအဝတ်ထုပ်ဆွဲကာအိမ့်မှူးတို့ဆီရောက်လာပြီး

''ငါဒီမှာတစ်ပတ်လောက်နေလို့ရမလား ငါ့အိမ်မှာငါ့အစ်မလင်မယားရောက်နေလို့ သူတို့ကအိမ်မှာတစ်ပတ်လောက်နေမှာတဲ့ သူတို့ရှိနေတော့အိမ်ကအိပ်စရာနေရာမလောက်လို့''

''တစ်ပတ်ကြီးများတောင်လား''

''အင်း အကယ်၍နင်လက်မခံနိုင်လည်းရပါတယ်အိမ့်မှူးရယ် ငါ့ဘာသာတစ်ခြား...''

''ကဲပါ တစ်ပတ်တည်းပဲဟာ ပြီးတော့သူငယ်ချင်းတွေပဲလေ ဒီလောက်ကတော့ကူညီရမှာပေါ့''

''ကျေးဇူးပါပဲဟာ''

တစ်ကယ်တော့ထားထားကအိမ့်မှူးကိုလိမ်ပြောလိုက်တာပါ။
သူမအစ်ကိုနဲ့နီးစပ်ချင်တာကြောင့်အခုလိုလိမ်လိုက်ရခြင်းပင်။

ထိုအခိုက်စင်္ကြာကဘောလုံးတစ်လုံးနဲ့အိမ်ပေါ်မှဆင်းလာပြီး

''အိမ့်မှူး ဘောလုံးကစားရအောင်''

''ပျင်းတယ်''

''အေးပါ ဒါနဲ့သူက''

''ငါ့သူငယ်ချင်းပါ ထားဝတ်ရည်တဲ့ ထားထား သူကငါ့အစ်ကိုဝမ်းကွဲ စင်္ကြာတဲ့''

''တွေ့ရတာဝမ်းသာပါတယ်''

''တူတူပါပဲ ဒါနဲ့ဟိုတစ်ယောက်လည်းမတွေ့ပါလားအိမ့်မှူး''

''သူအခန်းထဲမှာ''

ထိုအခိုက်ငွေ့ရည်ကအိမ်ပေါ်ကနေဆင်းလာကာ

''ငါ့ကိုရှာနေတာလား''

တစ်ဆက်တည်းဆိုသလိုငွေ့ရည်ကထားထားကိုမြင်သွားပြီး

''ဟယ် ထားထား အလည်လာတာလား''

''အံမယ် မသိရင်နင့်အိမ်ကျလို့''

''ငါကအဲလိုသဘောနဲ့မေးတာမဟုတ်ပါဘူး''

''ငါကစတာပါငွေ့ရည်ရယ် ငါအလည်လာတာမဟုတ်ဘူး ဒီမှာခဏလာနေတာ အိမ်မှာငါ့အစ်မလင်မယားရောက်နေလို့''

''ဪ''

ငွေ့ရည်ကဘာမှဆက်မ​ပြောပဲစင်္ကြာဘက်လှည့်ကာ

''အဲ့ဘောလုံးကဘာလုပ်ဖို့လဲ''

''ဆော့မလို့ပေါ့ဟ''

🌺My cutie baby🌺[completed]Where stories live. Discover now