🌺Part.8🌺

3.1K 68 0
                                    

Unicode

ငွေ့ရည်အိပ်ရာနိုးနိုးချင်းဖုန်းကိုလှမ်းယူကြည့်လိုက်တော့မနက်10နာရီတောင်ရှိပြီပင်။

''ဟာ ဘယ်လိုလုပ်အဲ့အချိန်ရောက်သွားတာလဲ ခေါင်းကလည်းကိုက်လိုက်တာ နေပါဦး ညတုန်းက...''

ငွေ့ရည်ညကအဖြစ်အပျက်တွေကိုစဥ်းစားကြည့်တော့ကိုကြီးကသူမကိုပွေ့ချီပြီးအခန်းထဲပို့ပေးခဲ့တာထိမှတ်မိသည်။
ပြီးတော့သူမဘာတွေပြောခဲ့မိလဲမသိ။

''birthday cakeလို့ပြောမိသလားလို့...အာ...မသိတော့ဘူး ခေါင်းကိုက်တယ်''

ငွေ့ရည်ကိုယ်ပေါ်ကစောင်ကိုဖယ်ပြီးရေချိုးခန်းထဲဝင်ကာရေပါတစ်ခါတည်းချိုးလိုက်၏။
ပြီးတာနဲ့တီရှပ်နဲ့ဘောင်းဘီတိုဝမ်းဆက်လေးကိုဝတ်ကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

''ထားထား''

​ငွေ့ရည် ဧည့်ခန်းထဲမှာဘုရားပန်းလဲနေတဲ့ထားထားဆီသို့သွားပြီးမှ

''အိမ့်မှူးရော''

''မထသေးဘူး''

''ဟမ် သူအခန်းထဲမရှိပါဘူး''

''အေး ညကစင်္ကြာနဲ့အစ်ကိုကတူတူအိပ်ပြီးငါနဲ့အိမ့်မှူးကစင်္ကြာအခန်းထဲမှာအိပ်လိုက်တာ''

''ဪ''

''နောက်တစ်ခါအဲလိုမသောက်ပါနဲ့ငွေ့ရည်ရယ် အစ်ကိုကငါ့ကိုပြောနေတာ မိန်းကလေးတစ်​ယောက်ကအိန္ဒြေမရှိသောက်စားမူးယစ်နေတာတစ်ကယ်ကြည့်မကောင်းဘူးတဲ့ စိတ်ပျက်ဖို့ကောင်းတယ်တဲ့''

''ကိုကြီးကအဲလိုပဲပြောလား''

''ဟုတ်တယ်''

''မဖြစ်နိုင်တာ ညကမှကိုကြီးကငါ့ကိုသူကိုယ်တိုင်ပွေ့ချီပြီးပို့ပေးခဲ့တာကို''

''ဪ ဒါကတော့မဖြစ်မနေမို့နေမှာပေါ့''

ငွေ့ရည်ဘာမှပြောမနေတော့ပဲအိမ်ပေါ်ကိုသာပြန်တက်လာခဲ့လိုက်၏။

ကိုကြီးတစ်ကယ်ပဲအဲလိုပြောခဲ့တာလား။

_____________

''ငွေ့ရည်''

ခြံထဲကမြင်ခင်းတုပေါ်မှာလှဲအိပ်နေသောသူမနားသို့စင်္ကြာကအတူလာလှဲပြီးမှ

🌺My cutie baby🌺[completed]Where stories live. Discover now