🌺Part.15🌺

3.9K 58 0
                                    

Unicode

သူငွေ့ရည်အားအငိုတိတ်အောင် သူမစိတ်ထဲသူ့ကိုယုံကြည်သွားအောင်အစွမ်းကုန်ချော့မြှူခဲ့ပြီးသူမလည်းစိတ်အေးသွားပြီဆိုမှသူအိမ်သို့ပြန်လာခဲ့လိုက်၏။

သူအိမ်ရောက်တော့ရေသောက်ရန်မီးဖိုခန်းထဲဝင်လာတော့အိမ့်မှူးနဲ့သူ့အဒေါ်ကညနေစာအတွက်တောင်ချက်ပြုတ်နေကြပြီပင်။

''ကိုကိုပြန်လာပြီလား''

''အင်း ဒေါ်လေးကဘာလို့ဟင်းဝင်ချက်နေတာလဲ ခရီးပန်းလာတာကိုအေးဆေးနားတာမဟုတ်ဘူး''

''ရပါတယ်ကွယ် ဒီမှာအိမ့်မှူးတစ်ယောက်တည်းချက်ပြုတ်နေတာဒေါ်လေးဘယ်ကြည့်ရက်ပါ့မလဲ''

''ကိုကိုအခုတစ်လောအပြင်ပဲထွက်နေတာပဲသိလားဒေါ်လေး''

''ဟုတ်လားသဝဏ် ဘာလဲ ကောင်မလေးရနေတာလား''

သူကရယ်ကျဲကျဲဖြင့်လည်ဂုတ်ကိုပွတ်၍

''ဒီလိုပါပဲ''

''ဒါဆိုရင်တော့သေချာနေပါပြီ''

သူဘာမှဆက်မပြောပဲရေတစ်ဗူးသာယူသောက်လိုက်ပြီးမီးဖိုခန်းထဲမှထွက်လာခဲ့လိုက်၏။
သူ့လက်ဖျံကသွားရာလေးကိုပြန်ကြည့်မိတော့သူဘာရယ်မဟုတ်ပြုံးလိုက်မိသည်။

''တော်တော်ဆိုးတဲ့ကလေး''

တစ်ဖက်မှာလည်းငွေ့ရည်တစ်ယောက်အိပ်ရာမှာလှဲနေရင်းကိုကြီးသူမအားစိတ်ရှည်လက်ရှည်ချော့နေတာလေးကိုပြန်မြင်ယောင်ရင်းလူကအူရွှင်နေရ၏။

''ကိုကြီးကအရမ်းချစ်ဖို့ကောင်းတာပဲ အဟီး''

ထိုစဥ်သူမခေါင်းအုံးဘေးကဖုန်းလေးကမြည်လာ၍ငွေ့ရည်ယူကြည့်လိုက်တော့ထားထားဖြစ်နေ၍လူကပျော်နေတာတောင်ဘယ်ရောက်သွားလဲမသိလိုက်။

ငွေ့ရည်ဖုန်းကိုင်လိုက်တာနဲ့ထားထားက

''ငွေ့ရည်ခါး ငါနင့်ကိုလုံးဝမကျေနပ်ဘူး နင့်ကြောင့်အစ်ကိုကငါ့ကိုပစ်ပစ်ခါခါပြောသွားတာ ငါကြိုက်နေတဲ့သူကိုငါ့ဆီကလုတဲ့အပြင်သူငါ့ကိုအမြင်မကြည်အောင်ပါလုပ်တဲ့မိန်းမ''

''နင်ဘာတွေ​ပြောနေတာလဲထားထား ဒါနင့်ဘက်ကစတာချည်းပဲ ပြီးတော့ငါ့ကိုလုတယ်မပြောနဲ့ သူကိုကငါ့ဆီလျှောက်လာတာ နင်အဲလောက်ဖြစ်နေရင်ငါသူ့ကိုလမ်းခွဲပေးမယ် သူနင့်ဆီလာမလာစောင့်ကြည့်လိုက်လေ သေချာတာတော့သူနင့်ဆီလာမှာမဟုတ်ဘူး ကိုကြီးနင့်ကို​ပြောတာတွေနင်မှတ်မိမှာပေါ့ နင်သာကြားထဲကနေငါနဲ့ကိုကြီးကိုခလောက်ဆန်နေတာ မရဘူးထားထား နင်ဘယ်လိုပဲလုပ်လုပ် ငါနဲ့ကိုကြီးကအထင်အမြင်မလွဲတဲ့အပြင်ပိုတောင်ချစ်လာကြသေးတယ်''

🌺My cutie baby🌺[completed]Where stories live. Discover now