🌺Part.16🌺

7K 82 3
                                    

Unicode

(ဤအပိုင်းတွင်+ခန်းများပါဝင်သည့်အတွက်အသက်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ)

''ကိုကြီး ငွေ့ရည်တို့ဘယ်သွားနေတာလဲဟင်''

''ကလေးမကြာခင်သိမှာပေါ့''

''ကိုကြီးငွေ့ရည်ကိုဘယ်ခေါ်သွားမလို့လဲ''

သူငွေ့ရည်လက်တစ်ဖက်အားဆုပ်ကိုင်လိုက်ပြီးမှ

''ကလေးကြောက်နေတာလား မကြောက်ပါနဲ့ ကိုကြီးကကလေးကိုထိခိုက်အောင်လုပ်မယ့်သူမှမဟုတ်တာ''

ငွေ့ရည်လည်းဘာမှဆက်မပြောတော့ဘဲအသာငြိမ်နေလိုက်သည်။

နောက်တော့ငွေ့ရည်လည်းဘယ်ကနေဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်တော့ပေ။

__________

''ကလေး ထတော့...ကလေး''

ငွေ့ရည်ပုခုံးကိုအသာလှုပ်နှိုးခံလိုက်ရတာကြောင့်သူမမျက်လုံးကိုအသာဖွင့်ကြည့်လိုက်လေ၏။

''ကိုကြီး''

''အင်း ငွေ့ရည်ဗိုက်ဆာနေပြီလား ကိုကြီးဟိုမှာစားသောက်ဆိုင်တစ်ဆိုင်တွေ့လို့ကလေးကိုနှိုးလိုက်တာ''

ငွေ့ရည် ကိုကြီးပြတဲ့ဆီလှမ်းကြည့်ပြီးမှ

''ကိုကြီး ငွေ့ရည်တို့ဘယ်ရောက်နေတာလဲ''

''ကိုကြီးတို့အခုမန္တလေးကိုရောက်တော့မှာ''

''ဟင်! ကိုကြီး...''

''ကိုကြီးအခုကလေးကိုခိုးပြေးလာတာလေ''

''ဟမ်! ခိုး ခိုးပြေးလာတာ ကိုကြီးရူးနေလား ငွေ့ရည်ကိုခုပြန်ပို့ပေး''

''ဘာလို့ပြန်ပို့ပေးရမှာလဲ ကလေးတစ်ယောက်ယောက်လက်ထဲပါသွားမှာမျိုးကိုကိုကြီးလက်မခံနိုင်ဘူးကလေး''

''ဘာပဲဖြစ်ဖြစ် ငွေ့ရည်တို့ချစ်သူဖြစ်တာဘယ်လောက်ကြာသေးလို့လဲကိုကြီးရဲ့ ပြီးတော့ ပြီးတော့ငွေ့ရည်ယောကျ်ားမယူရဲဘူး ငွေ့ရည်အိမ်ထောင်မှုလည်းမနိုင်နင်းဘူး ဘာဆိုဘာမှလည်းမလုပ်တတ်ဘူး''

''ကိုကြီးကကလေးကိုအဲဒါတွေခိုင်းဖို့ယူမှာမဟုတ်ဘူးလေ ကလေးဘာမှလုပ်စရာမလိုဘူး ကိုကြီးရဲ့ဇနီးဖြစ်နေပေးရုံပဲ''

🌺My cutie baby🌺[completed]Where stories live. Discover now