🌺Part.3🌺

3.4K 82 0
                                    


Unicode

ညနေစာစားပြီးတိုင်းကော်ဖီသောက်လေ့ရှိတဲ့သူ့အတွက်ထုံးစံအတိုင်းအိမ့်မှူးကကော်ဖီဖျော်ပေး၏။

ငွေ့ရည်ကလည်းအိမ့်မှူးနားလာပြီးနှမ်းဖြူးကာ

''သူငယ်ချင်း ငါသွားပို့ပေးမယ်နော်''

''အမလေး တော်ပါအစ်မရယ် အရင်တစ်ခါလိုဖြစ်နေမှ''

''နင်ကလည်း အဲလိုထပ်မဖြစ်စေရပါဘူးဟ နော်နော်''

''တော်ပြီ ငါ့ဘာသာပဲသွားမယ်''

ထိုအခါငွေ့ရည်ကမျက်နှာငယ်လေးနဲ့

''အင်းလေ နင်ကငါ့ကိုချစ်မှမချစ်တာ ရပါတယ် ငါထပ်မပြောတော့ပါဘူး''

''ကဲပါဟယ် လာပြီးသရုပ်ဆောင်ပြနေတယ် နင်အဲလောက်သွားပို့ချင်ရင်သွားပို့ချေ''

''ဟီးး အဲလိုလုပ်ပါ''

''ကောင်မစုတ်လေး ရုပ်ကိုကအမျိုးမျိုး ဒါနဲ့ထားထားရော''

''ခြံထဲကပန်းပင်တွေလိုက်ကြည့်နေတယ်''

''အင်း''

အိမ့်မှူးကကော်ဖီခွက်အားငွေ့ရည်လက်ထဲထည့်ပေးပြီး

''မြန်မြန်သွားပို့လိုက် ငါအသီးတွေလှီးထားမယ် ပြီးရင်တူတူစားမယ်''

''oki''

ထားထားအိမ်ထဲပြန်ဝင်လာချိန်မှာငွေ့ရည်​ကကော်ဖီခွက်ကိုင်ကာအိမ်ပေါ်တက်သွားတာမြင်လိုက်၍သူမလည်းနောက်ကနေအမီပြေးလိုက်ပြီး

''ငွေ့ရည်ခဏ''

ငွေ့ရည်ကသူမကိုလှည့်ကြည့်လာပြီး

''အင်း ဘာပြောမလို့လဲ''

''အဲဒါကိုသဝဏ့်အတွက်လား''

''အင်း''

''ငါသွားပို့မယ်ပေး''

ပြောပြောဆိုဆိုနဲ့ထားထားကသူမလက်ထဲကကော်ဖီခွက်အားဆွဲယူလိုက်လေသည်။
ငွေ့ရည်မှာဘာမှပြောချိန်ပင်မရလိုက်။

''သူကဘယ်မှာလဲ''

''ဝရန်တာမှာစာဖတ်နေလောက်တယ်''

''အေးအေး''

ထားထားကအိမ်ပေါ်ကိုခပ်သုတ်သုတ်တက်သွားကာဝရန်တာရှိရာဆီသွားလိုက်လေ၏။

🌺My cutie baby🌺[completed]Wo Geschichten leben. Entdecke jetzt