🌺Part.6🌺

3K 63 0
                                    

Unicode

ကိုကြီးကသူ့နားရက်မှာသူမနဲ့အတူလျှောက်လည်ပေးမယ်ဆိုတဲ့ကတိအားဆက်ဆက်တည်ခဲ့၏။

''ငွေ့ရည် မပြီးသေးဘူးလား ကိုကိုကနင့်ကိုခေါ်ခိုင်းနေပြီ''

အိမ့်မှူးစကားအဆုံးမှာအခန်းတံခါးပွင့်သွားပြီးငွေ့ရည်ကပေါင်တစ်ဝက်မရှိတရှိအဝါနုရောင်ဂါဝန်ဆိုလေးနဲ့ဆံပင်ကိုခပ်မြှင့်မြှင့်စည်းကာလက်ထဲမှာလည်းကြိုးသိုင်းရှူးဖိနပ်လေးကိုကိုင်ကာအခန်းထဲမှထွက်လာလေသည်။

''ငါလှလား''

''ဂါဝန်ကတိုနေသလိုပဲ ကိုကိုပြောနေဦးမယ်''

''မတိုပါဘူး သွားမယ်လာ''

ငွေ့ရည်ကအိမ့်မှူးရှေ့နေတက်ကြွစွာဖြင့်အရင်ထွက်လာလိုက်၏။

အိမ့်မှူးထင်တဲ့အတိုင်းပါပဲ။သူမကိုမြင်တော့​ကိုကြီးကမျက်မှောင်ကြီးကျုံ့ကာ

''မင်းဘာတွေဝတ်လာတာလဲငွေ့ရည် ပြန်သွားလဲ''

''လှတယ်လေကိုကြီးရဲ့''

''မပေါ်ရုံတမယ်ဖြစ်နေတာကိုလေ''

သဝဏ်နဲ့ငွေ့ရည်တို့နှစ်ယောက်တည်းအပြင်သွားမှာကိုအစကတည်းကမကျေနပ်တဲ့ထားထားကသူတို့နားရောက်လာကာ

''ဟုတ်ပါရဲ့ ဒီလောက်တိုနေတာကို မိန်းကလေးဆိုတာကိုယ့်အရှက်သိက္ခာကိုကာကွယ်တတ်ရတယ် အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ရတယ်ငွေ့ရည်ရဲ့''

အိမ့်မှူးက

''အပေါ်ယံအဝတ်အစားကလူတစ်ယောက်ရဲ့သိက္ခါကိုမသတ်မှတ်နိုင်ပါဘူး စိတ်ဓာတ်ကသာအဓိကပဲ''

အိမ့်မှူးကသူမအစ်ကိုဘက်လှည့်ကာ

''ကိုကို ကိုကိုပဲငွေ့ရည်ကိုပျော်စေချင်လို့အပြင်လိုက်ပို့တာဆို သူဝတ်ချင်သလိုဝတ်ပါစေ အဲလိုသာမဟုတ်ရင်ငွေ့ရည်​ကဘယ်လိုလုပ်ပျော်တော့မှာလဲ''

သဝဏ် ငွေ့ရည်ကိုကြည့်လိုက်တော့လည်းသူမကမျက်နှာငယ်လေးနဲ့ခေါင်းငုံ့ကာအသံတိတ်နေပြီပင်။

ထိုအချိန်မှာပဲစင်္ကြာရောက်လာပြီးငွေ့ရည်ပုခုံးကိုဖက်ကာ

🌺My cutie baby🌺[completed]Donde viven las historias. Descúbrelo ahora