🌺Part.13🌺

3.4K 63 7
                                    

Unicode

ငွေ့ရည်ကသူတို့အကြောင်းဘယ်သူ့မှမသိစေချင်သေးဘူးဆို၍သူအိမ့်မှူးကိုရောစင်္ကြာကိုပါသူတို့ကိစ္စမပြောရသေးပေ။

သူ့အနေနဲ့တော့သူမအားလူသိရှင်ကြားတွဲချင်ပေမယ့်သူမအလိုကိုလည်းလိုက်ချင်သေးတာမို့သူမသဘောအတိုင်း လောလောဆယ်တော့ဘယ်သူ့ကိုမှပြောဖြစ်ဦးမည်မဟုတ်။

''ဒေါက်...ဒေါက်''

''ဘယ်သူလဲ'

''ငွေ့ရည်ပါကိုကြီး''

''ဝင်ခဲ့လေ''

သူအလုပ်သွားဖို့ပြင်နေတုန်းအခန်းတံခါးခေါက်သံကြား၍သူအင်္ကျီကြယ်သီးတပ်နေရင်းမှအသံလှမ်းပြုကြည့်တော့သူ့ကလေးဖြစ်နေ၍သူဝင်ခွင့်ပြုလိုက်သည်။

ငွေ့ရည်ကခိုးကြောင်ခိုးဝှက်ပုံလေးနဲ့သူ့အခန်းထဲဝင်လာပြီး

''ကိုကြီး အလုပ်သွားတော့မှာလား''

''အင်းပေါ့''

''ငွေ့ရည်ကြယ်သီးတပ်ပေးရမလားဟင်''

''ကြိုက်တာပေါ့''

ငွေ့ရည်ကချက်ချင်းပဲသူ့ရှေ့ရောက်လာပြီးသူ့အားအင်္ကျီကြယ်သီးတပ်ပေးလေ၏။

သဝဏ် သူ့အားကြယ်သီးတပ်ပေးနေသောသူမအားငုံ့မိုးကြည့်၍

''ကလေးလေး ဒီနေ့ပိုလှနေသလိုပဲနော်''

''ဟင် ငွေ့ရည်ပုံမှန်အတိုင်းပါပဲ ဘာမှတောင်လိမ်းမထားဘူး''

''အင်း ကြည့်ရတာတော့အချစ်နဲ့ထိတွေ့မိနေလို့ထင်တယ်''

''ကိုကြီးကတော့ပြောတော့မယ်''

သူမကြယ်သီးတပ်ပေးပြီးတော့သူကုတင်မှာဝင်ထိုင်လိုက်ပြီးသူမအားလက်နှစ်ဖက်ဆန့်ပေး၍

''လာဦး''

''ဘာလုပ်ဖို့လဲ''

''လာပါ''

ငွေ့ရည်ကိုကြီးရှေ့တိုးသွားတော့ကိုကြီးကသူမခါးလေးအားဆွဲဖက်ပြီးသူ့ပေါင်ပေါ်ထိုင်စေကာ

''ကလေးလေး ကိုကြီးကိုဘယ်လောက်ချစ်လဲ''

''အဲလိုတော့မပြောတတ်ဘူးလေ ချစ်တာတော့အရမ်းချစ်တာပေါ့ ကိုကြီးနော် တစ်ခြားမိန်းမတွေနဲ့မပတ်သက်ရဘူးသိလား ငွေ့ရည်အရမ်းစိတ်ဆိုးမှာ''

🌺My cutie baby🌺[completed]Where stories live. Discover now