🌺Final Part🌺

8.2K 92 7
                                    

Unicode

(ဤအပိုင်းတွင်+ခန်းများပါဝင်သည့်အတွက်အသက်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ)

သီချင်းသဲ့သဲ့ထွက်ပေါ်နေတဲ့မင်္ဂလာပွဲထဲတွင်ပန်းပေါင်းစုံရနံ့ကသင်းပျံ့နေပြီးလူပများအပြားနဲ့လည်းစည်ကားလျက်ရှိသည်။

ပြီးတော့နတ်သမီးတစ်ပါးလိုလှပနေတဲ့သူ့ရဲ့သတို့သမီးလေးဆီကနေလည်းသဝဏ်တစ်ယောက်အကြည့်ခွာမရခဲ့ပေ။

သူမကိုဆွဲနမ်းပစ်ချင်စိတ်ကိုလည်းသူအတော်လေးထိန်းထားခဲ့ရ၏။

သူကသာသူမဆီပဲ​အာရုံရောက်နေပေမယ့်သူမကတော့ပွဲရဲ့ဝင်ပေါက်ဝကိုသာလှမ်းလှမ်းကြည့်ကာနှုတ်ကလည်းဘာတွေရေရွတ်နေမှန်းမသိ။

''ကလေး ဘယ်သူ့ကိုမျှော်နေတာလဲ''

''ထားထားလေ သူတစ်ကယ်မလာဘူးထင်တယ်''

''ဒီနေ့သူမအားဘူးလို့​ပြောထားတယ်မလား''

''အဲဒါသူလိမ်နေတာ ငွေ့ရည်သိတာပေါ့''

''မလာချင်တဲ့သူကိုဘာလို့မျှော်နေမှာလဲကလေးရဲ့ ဒီနေ့ကကိုကြီးနဲ့ကလေးရဲ့မင်္ဂလာပွဲလေ ကလေးစိတ်ကိုရွှင်ရွှင်ပျပျနဲ့ပေါ့ပေါ့ပါးပါးထားသင့်တယ်''

''အင်းပါ''

သူမထိုသို့ပြောနေပေမယ့်လည်းစိတ်ထဲမှာတော့ထားထားအားနောက်ဆုံးချိန်ထိမျှော်နေဆဲပင်။
သို့ပေမယ့်ထားထားကလည်းနောက်ဆုံးချိန်ထိသူမတို့မင်္ဂလာပွဲအားရောက်မလာခဲ့ပါ။

__________

သူမတို့မင်္ဂလာပွဲပြီးလို့အိမ်ပြန်ရောက်တော့နှစ်ဖက်လူကြီးမိဘတွေကိုကန်တော့ကြပြီးဆုမွန်ကောင်းများခံယူကာအိမ်ပေါ်သို့တက်ခဲ့လိုက်သည်။

အခန်းထဲရောက်တာနဲ့ကိုကြီးကသူမခါးကိုဆွဲဖက်၍နှုတ်ခမ်းအားအတင်းနမ်းလာလေ၏။

ငွေ့ရည်လည်းကိုကြီးရင်ဘတ်ကိုအသာတွန်းကာ

''ဘယ်လိုဖြစ်နေတာလဲကိုကြီး နေ့ခင်းကြောင်တောင်ပဲရှိသေးတာကို''

''ဘာဖြစ်လဲ ခင်ဗျားလေးကိုပွဲထဲမှာကတည်းကနမ်းချင်နေတာ စိတ်ထိန်းထားရတာသိလား''

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

🌺My cutie baby🌺[completed]Where stories live. Discover now