🌺Part.17🌺

4.8K 64 0
                                    

Unicode

နောက်နေ့မှာပဲသူတို့တွေလူကြီးစုံရာ ရပ်မိရပ်ဖတစ်ချို့ဖြင့် ငွေ့ရည်အားပြန်သွားအပ်ခဲ့သည်။

သူမအဖေကတော့မျက်နှာကမသာမယာနဲ့ပါပဲ။
သူ့သမီးကကောက်ခါငင်ခါကြီးအိမ်ထောင်ပြုတော့မယ်ဆိုတော့သူလည်းဘယ်စိတ်ချမ်းသာပါ့မလဲ။

''ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းဘက်ကတောင်းဆိုစရာဘာရှိလဲလင်းထင် ငါတို့ဘက်ကအကုန်လိုက်လျောပေးပါ့မယ်''

''ဘာမှမတောင်းဆိုချင်တော့ပါဘူး မင်းရဲ့တူကိုငါလည်းသိနေတာပဲ ငါ့သမီးကသူ့အိမ်မှာအချိန်တစ်ခုအထိသွားနေခဲ့တာ အစကတည်းကချစ်သူတွေဖြစ်နေပါတယ်ပြောရင်ငါကဘာပြောမှာမို့လို့လဲ အဲဒါဆိုခုလိုခိုးပြေးစရာလည်းမလိုဘူး အခုပတ်ဝန်းကျင်ကလည်းငါ့သမီးကပဲအစကတည်းကအနေအထိုင်မတတ်လို့ခုလိုဖြစ်သွားသလိုပြောနေကြတာ''

သဝဏ်က...

''ခုလိုဖြစ်သွားတာကျွန်တော့်အမှားပါ ကျွန်တော်ကလူကြီးဖြစ်ပြီးမစဥ်းစားမဆင်ခြင်ခဲ့လို့ခုလိုမျိုးငွေ့ရည်ကိုသိက္ခာကျစေခဲ့မိတာ အန်ကယ်စိတ်ချပါ ငတော်ငွေ့ရည်ကိုတခမ်းတနားမင်္ဂလာဆောင်ပြီးတစ်သက်လုံးတင့်တောင့်တင့်တယ်နဲ့စိတ်ချမ်းသာအောင်ထားမှာပါ ပြီးတော့ဘယ်တော့မှလည်းမငိုစေရဘူး''

သူထိုစကားအားငွေ့ရည်ကိုကြည့်ကာပြောလိုက်ခြင်းပင်။
သူမကသူ့အားမျက်ရည်တွေဝေ့သီနေသောမျက်ဝန်းတွေဖြင့်ပြန်ကြည့်နေခဲ့လေသည်။

သူတို့အားလုံးပြောဆိုဆွေးနွေးပြီးတာနဲ့သဝဏ်က

''အန်ကယ် ကျွန်တော်ငွေ့ရည်ကိုခဏခေါ်သွားလို့ရမလား ည8နာရီမတိုင်ခင်ပြန်ပို့ပေးပါမယ်''

ဦးလင်းထင်ကခဏငြိမ်သွားပြီးမှ

''ခေါ်သွားပေါ့''

''ကျေးဇူးတင်ပါတယ်အန်ကယ် လာကလေး သွားရအောင်''

''ငွေ့ရည်အဝတ်အစားသွားလဲဦးမယ်လေ''

''မလဲနဲ့တော့ လာ''

သူငွေ့ရည်လက်ကိုဆွဲကာအိမ်ထဲမှထွက်လာခဲ့လိုက်၏။

တစ်ဖက်မှာတော့ထားထားတစ်ယောက်အိမ့်မှူးတင်ထားတဲ့ပုံတွေကိုကြည့်ပြီးဆွံ့အသွားရလေသည်။

🌺My cutie baby🌺[completed]Dove le storie prendono vita. Scoprilo ora