Description

4.5K 293 13
                                    

လူသားလိုမိစ္ဆာမျိုး...

မူရင်းနာမည်- Evil as Human

မူရင်းစာရေးသူ-Nian Zhong

အပိုင်းရေ-246+3 Extra

(တစ်ပိုင်းချင်းစီတိုင်းတွင် စာအလွန်များပါတယ်)

ဇာတ်ညွှန်း.....

ယင်းရန်ရဲ့အရှေ့မှာ လမ်းကြောင်း၃ခု ရှိနေတယ်:

သွေးယဇ်ကောင်တစ်​ကောင် လက်ဆောင်ပေးပြီး သူ့မိစ္ဆာချီတွေကို ပြန်တောင်းနေတဲ့ အဖွဲ့ရယ်၊

သူ့ကို သမာဓိရှိတဲ့လမ်းမှန်ပေါ် လျှောက်ခိုင်းနေတဲ့ ဝိဉာဉ်စာချုပ်နဲ့အလုပ်လုပ်မယ့် အဖွဲ့အစည်းရယ်၊

သူ့ကို တရားမဝင် ဓားမြှောင် ကိုင်ဆောင်ပါတယ်ဆိုပြီး နေရာမှာတင် ရဲကိုလှမ်းတိုင်၊ ရဲစခန်းကိုပါ လိုက်ခဲ့ဖို့ ဖော်ဖော်ရွေရွေ ဖိတ်နေတဲ့ နိုင်ငံကြီးသားတစ်ယောက်ရယ်။

နှစ်တစ်ထောင်မိစ္ဆာကြီး အစ်ကိုယင်း: ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးပါ။ လူ့ကမ္ဘာကို ခြားထားတဲ့ စည်းကို ချိူးဖျက်လိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး၊ လဲပဲလဲနေချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ငါကတော့ တတိယတစ်ခုကို ရွေးပါတယ်။

ကြောင်တောင်တောင်လေးနဲ့ သနားစရာကောင်းအောင် ဟန်ဆောင်ရုံပဲမလား။ ဒီလောက်တော့ ငါလုပ်နိုင်တယ်။

လူ့ကမ္ဘာရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းထားကြတဲ့ လူတစ်စုနဲ့ ငါးဆားနယ်ပဲ လုပ်ချင်နေတဲ့ သရဲဘုရင်ကြီးတို့ကြားက...

တူတူပုန်းတမ်း ကစားပွဲလေးကို စတင်လိုက်ကြစို့လား...။

ဘာသာပြန်သူ မှတ်ချက်။ ။ သရဲဘုရင်ကြီးက အခွီပါ။ အရေးကြီးလို့ သုံးခါ ပြောပါမယ်။ အခွီပါ... အခွီပါ အခွီပါနော်။ 

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now