Part 18.2

332 64 1
                                    

Part 18.2

ယင်းရန်ကလည်း ချက်ချင်းပြန်ပြောရှာတယ်။

"ဝိုး..တို့ဝန်ကြီးဖုက အင်မတန်လည်း နားကောင်းသကိုး..ထိပ်တန်းဆရာကြီးအစွမ်း အံ့မခန်းပဲ!"

ကျူံးချန်းရှော်: "..."

အဲ့ဒီနောက် သူကပဲ ရုပ်တည်ကြီးနဲ့..

"ဒါမျိူးတွေ​ပြောတတ်ပုံထောက်ရင် မင်း အတိတ်မမေ့ခင်က အရောင်းစာရေးဖြစ်ခဲ့တာနေမယ်"

.......

ဖန်းဟွားအိမ်ယာပတ်လည်မှာ တားထားတဲ့စည်းအဝါတွေကို ပြန်မရုတ်သိမ်းသေးတော့ ပွဲကြည့်ဖို့လာတဲ့ ပရိသတ်အရေအတွက်က ပိုပိုတိုးလာတယ်။ ရှားရှားပါးပါး အပျော်ကစားဖို့ အခွင့်အရေးနဲ့ လာကြုံကြိုက်တဲ့ အဘိုးအို၊အဘွားအိုတွေဆိုရင် အောက်ထပ်မှာခုံတွေချပြီး လက်ဖက်ရည်သောက်ရင်း မာကျောင်းတောင် ကစားနေကြပြီ။

လူအုပ်ကြားက ဖြတ်သွားတဲ့အချိန်မှာ ကျူံးချန်းရှော်ရဲ့မျက်လုံးတွေက ဟိုဟိုဒီဒီလိုက်ကြည့်နေတယ်။ နောက်တော့ သူဘာမြင်သွားလဲ ယင်းရန်မသိ...ရုတ်တရတ် သူ ခဏရပ်သွားတယ်။

"ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ဘူး"

ကျူံးချန်းရှော်က အကြည့်တွေပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းရမ်းပြတယ်။

နေ့လည်စာစားချိန် မရောက်သေးတာကြောင့် ခေါက်ဆွဲဆိုင်ထဲမှာ လူသိပ်မရှိ။

18 03

ဒီဆိုင်က ဆိုင်ခွဲတစ်ခုဖြစ်ပြီး အတွင်းပိုင်းက သန့်ရှင်းသပ်ရပ်နေတယ်။ ဆိုင်တွင်းအပြင်အဆင်ကလည်း တစ်မူထူးခြားဆန်းပြားတယ်။ စားသောက်ဆိုင်နဲ့ စားဖိုဆောင်ကို မှန်အကြည်နဲ့ခြားထားတာမို့ စားသုံးသူတွေက စားဖိုမှူးကြီး စားပွဲဖြူဖြူပေါ်မှာ ခေါက်ဆွဲတွေ တဖြန်းဖြန်းရိုက်နေတာကို မြင်နိုင်တယ်။ စားဖိုဆောင်တစ်ခုလုံးလည်း ပွက်ပွက်ဆူနေတဲ့ အမဲသားဆော့စ်အနံ့တွေနဲ့ မွှေးကြိုင်နေတယ်။

ကျူံးချန်းရှော်က အမဲသားဆော့စ်နဲ့ အသီးအရွက်တွေပါတဲ့ ခေါက်ဆွဲတစ်ပွဲမှာလိုက်ပြီး ယင်းရန်က ဆန်အရက်ချိူပါတဲ့ ပင်လယ်စာခရင်မ်ခေါက်ဆွဲအပြင် သိုးသားကင် အချောင်း၃၀ပါမှာလိုက်တယ်—ရှားရှားပါးပါး အခွင့်အရေးရတုန်းမှာ အသီးအရွက်တွေတော့ သူမစားချင်ပါ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now