Part 4.1

675 106 2
                                    

Part 4.1

အခန်း (၄)

စစ်မေးခြင်း

ဖုရှင်ချွမ်းဟာ မျက်နှာပဲသစ်ပြီး စစ်မေးခန်းကို အမြန်လိုက်သွားတယ်။

လုံခြုံမှုရှိစေရေးအတွက် စစ်မေးခန်းကို ရှီအန်းအဆောက်အဦးထဲမှာ မထားဘဲ ပန်းခြံရဲ့အနောင်တောင်ဘက်ထောင့်မှာရှိတဲ့ ဆလင်ဒါပုံစံအဆောက်အဦးလေးထဲမှာ ထားတယ်။ မြေညီထပ်မှာတင်ရှိတယ်။ စစ်မေးခန်းကိုသွားတဲ့လမ်းက အရောင်အသွေးစုံတဲ့ အပင်တွေနဲ့ပြည့်နှက်နေတဲ့အပြင် အကိုင်းအခက်တွေကြားမှာ ကျည်ကျည်ကျာကျာနဲ့တေးသီနေတဲ့ ငှက်ငယ်လေးတွေကိုလည်း လှောင်အိမ်လေးတွေနဲ့ ချိတ်ဆွဲထားသေးတယ်။

အလှဆင်ရုံသက်သက်တော့ မဟုတ်။

ဒီအပင်တွေ၊ငှက်လေးတွေက မိစ္ဆာဓာတ်ဆိုရင် ချက်ချင်းသိတယ်။ ပိုအရေးကြီးတာက သူတို့လေးတွေက ထင်းလွန်းနေတဲ့အတွက် အဆောက်အဦးထဲကမှော်စွမ်းအင်ကို ဖျောက်ဖို့ကွက်တိပဲ။

ဖုရှင်ချွမ်း ချောကလက်တစ်ပိုင်းကို မြိုချလိုက်တော့ အချိူဓာတ်က လည်ချောင်းမှာကပ်ကျန်နေခဲ့တယ်။ ဒါကြောင့် စစ်မေးခန်းထဲရောက်တာနဲ့ ချက်ချင်း လက်ဖက်ရည်ငှဲ့လေရဲ့။

ရှီအန်းအဖွဲ့ရဲ့စစ်မေးခန်းက ရဲစခန်းကစစ်​မေးခန်းနဲ့မတူ နွေးနွေးထွေးထွေးသာ အလှဆင်ထားတယ်။ အလင်းရောင်က သိမ်မွေ့နေပြီး အခန်းထဲမှာ ကော်ဖီရင့်ရောင် သစ်သားပရိဘောဂတွေရယ်၊ အိုးထဲထည့်စိုက်ရတဲ့ အရွက်ဖားဖားနဲ့ အပင်တွေရယ် နေရာချထားတယ်။ စား​ပွဲအ​သေးတစ်ခုပေါ်မှာ လက်ဖက်ရည်ပူပူဖြည့်ထားတဲ့အိုးရယ်၊ မက်မွန်သီးကွတ်ကီးတွေထည့်ထားတဲ့ ပန်းကန်ပြားတစ်ချပ်ပါ တင်ထားသေးတာမို့ ကြည့်လိုက်ရင် ခေတ်ဟောင်းက ကော်ဖီဆိုင်လေးနဲ့တောင် တူနေသေးတယ်။

ဆိုပေမယ့်လည်း အေးစက်နေတဲ့အပိုင်းတွေကတော့ ရှိစမြဲ။

ဥပမာပြရရင်စစ်မေးခန်းမှာ ပစ္စည်းပစ္စယအစုံ ဖြည့်ထားပေမယ့် ချွန်ထက်တဲ့ပစ္စည်း တစ်ခုမှမပါဘူး။ စားပွဲတွေ၊ထိုင်ခုံတွေကို ကြမ်းပြင်မှာ အသေတပ်ဆင်ထားပြီး ပန်းကန်ခွက်ယောက်တွေဟာလည်း မကွဲမကြေနိုင်တဲ့ အထူးထုတ်ကုန်တွေသာဖြစ်တယ်။ နောက်ဥပမာကတော့ ဖုရှင်ချွမ်းဝင်ထိုင်နေတဲ့ အမှောင်ခန်းပေါ့။ ဒီအခန်းက ဟိုဘက်ခြမ်းက နွေးထွေးတဲ့ကမ္ဘာလေးနဲ့ တစ်ဖက်မြင်မှန်တစ်ချပ်သာခြားတယ်။ ဟိုဘက်အခန်းမှာရှိနေတဲ့လူတွေက ဖုရှင်ချွမ်းကို လုံးဝ မြင်နိုင်မှာမဟုတ်။

လူသားလိုမိစ္ဆာမျိုး...Место, где живут истории. Откройте их для себя