Part 9.2

492 77 0
                                    

Part 9.2

ကုတ်အပြာလည်း ရလဒ်ကို ဂရုမစိုက်နိုင်တော့။ သူ စားပွဲနဲ့ကုလားထိုင်ကို တွန်းဖယ်၊ ​​ကြမ်းပြင်ပေါ်ပစ်လှဲချပြီး နာကျင်မှုကြီးစွာ လည်ပင်းကို ကုတ်ဖဲ့နေ​တော့တယ်။ ပါးစပ်နဲ့နှာခေါင်းပေါက်ကလည်း စေးကပ်ကပ်ရွှံ့ရေတွေ စီးကျနေဆဲ။ ဦးထုပ်နီတစ်​ယောက် ထိတ်လန့်တကြား အပြေးကလေး ရောက်လာပြီး မက်မွန်သားအဆောင်တစ်ခုကို အိတ်ထဲကဆွဲထုတ်ကာ ကုတ်အပြာရဲ့ မျက်ခုံးစပ်အလည်တည့်တည့်မှာ အနီးကပ်ဆုံး ဖိထားလိုက်တယ်။

သူ့အသားနဲ့ထိကပ်နေတဲ့ အဆောင်ကနေ အသားကင်နေသလို တရှဲရှဲအသံတွေ ထွက်လာတယ်။

ဒီတော့မှ ကုတ်အပြာတစ်ယောက် လည်ပင်းကုတ်တာ ရပ်သွားတယ်။ သူ ကြမ်းပြင်ပေါ် ဟောဟဲလိုက်ပြီး လဲနေချိန်မှာ သူ အန်ထားတဲ့ရွှံတွေလည်း အကြည်​ရောင် ​ဖြစ်သွားတယ်။

၁၀မိနစ်လောက် အဲ့ဒီလိုလူးလိမ့်နေပြီးနောက်မှာတော့ ကုတ်အပြာ ပုံမှန်ပြန်ဖြစ်လာတယ်။ ကြမ်းပြင်ပေါ်ကျနေတဲ့ သူ့စာမေးပွဲဖောင်လေးခမျာ ရွှံ့ရေတွေနဲ့ စိုရွှဲလို့။ ဖောင်ပေါ်မှာတော့ ဗွက်ရေတွေနဲ့ ဆေးချယ်ထားသလိုထင်ရတဲ့ အနက်ရောင်အမှားခြစ်ကြီးတစ်ခုရှိနေတယ်။

"အာ.. ကျပြန်ပြီ... မင်းတို့ဖြေတော့... ငါခဏထိုင်ဦးမယ်"

ဒါဟာ ကုတ်အပြာတစ်ယောက် ဖောင်ကိုကောက်ယူရင်း ဖျော့တော့စွာ ပြောလာတဲ့စကား။ သူ့အသံက ပုံမှန်မဟုတ် အက်ကွဲကြမ်းရှနေပြီး လည်ပင်းမှာလည်း သွေးစို့နေဆဲဖြစ်တဲ့ လက်သည်းရာတွေရှိလို့နေတယ်။

ကလေးမလေးက မူလကိုယ်ဟန်အတိုင်း တံခါးဘက်ကို ပြန်မျက်နှာမူနေပြီ။

"အင်းး ဒီလိုလုပ်ရတာ မဟုတ်လောက်ဘူး.. တခြားနည်းနဲ့ ရင်ဆိုင်မှရလိမ့်မယ်..."

ဦးထုပ်နီက သွေးပျက်နေတဲ့မျက်နှာထားနဲ့ ရွှံ့ဗွက်ဖုံးနေတဲ့ကြမ်းပြင်ပေါ် လျှောက်သွားရင်းပြောတယ်။

ယင်းရန်: "ကျွန်တော်အရင်ဖြေမယ်"

"မဟုတ်တာ..ငါကပိုအတွေ့အကြုံရှိတယ်..ငါပဲ—"

ဦးထုပ်နီစကားမဆုံးသေးခင် ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားပြီး ခုံမှာထိုင်ချလိုက်တဲ့ ယင်းရန်ရယ်ပါ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now