Part 11.2

443 85 0
                                    

Part 11.2

လုံခြုံရေးပိုင်းမှာ ဟာကွက်မရှိရင် ဒီကိစ္စကိုဖြေရှင်းဖို့ လုံးဝမခက်တော့ဘူးလေ။ အခင်းဖြစ်တာ ၁၄ထပ်မှာ။ တစ်စုံတစ်ယောက်က စောင့်ကြည့်ကင်မရာတွေကို ရှောင်ချင်ရင် တစ်ခုတည်းသောနည်းလမ်းက တိုက်ရိုက်ခုန်ချလိုက်ဖို့ပဲရှိတယ်။

"ရဲဘက်က စောင့်ကြည့်မှတ်တမ်းတွေအကုန် စစ်ပြီးပြီ''

သိပ္ပံရာထူးနဲ့ကောင်လေး သွက်တာကိုမြင်ရတော့ လျန်ရှန်းတစ်ယောက် စိတ်တင်းကြပ်နေတာတွေ နည်းနည်းပြေလျော့သွားတယ်။

"အခန်း၁၄၁၃မှာ ကောင်းမုန်ယွီတစ်ယောက်တည်းနေတာ..လွန်ခဲ့တဲ့၄ရက်က သူ အခန်းထဲဝင်သွားပြီး အဲ့ကတည်းက ပြန်ထွက်မလာဘူး... အရင်ဆုံး အခန်းထဲ ဝင်ကြည့်လိုက်ပါလား...ဒီနေ့ပဲ ရဲတွေ ဓာတ်ပုံလာရိုက်သွားတယ်..မနက်ဖြန်ဆို ဒီနေရာကိုရှင်းတော့မှာ"

လျန်ရှန်းက အိမ်ရှေ့တံခါးဆီလျှောက်သွားပြီး ဖိနပ်အစွပ်နဲ့ လက်အိတ်တွေဝတ်လိုက်တယ်။ နောက်ဆုံးမှ လက်ကိုင်ဖုကိုဆွဲပြီး တံခါးဖွင့်လိုက်တယ်။

ရာသီဥတုက နွေလည်ခေါင်။ ဒီကြားထဲ မနေ့ညက မိုးရွာထားသေးတယ်။ ခုနအနံ့က သူတို့ကိုယ်ကို လွှမ်းခြုံရုံလေးတင်ဆိုရင် အခုအနံ့ကတော့ မျက်ခွက်တည့်တည့် ပိတ်ထိုးလိုက်သလိုပဲ။

အနံ့ဆိုးရဲ့ထိုးနှက်မှုကြောင့် အညိုအမည်းတောင်စွဲလာတဲ့ ယင်းရန်: "......."

ဒီအလုပ်က အားကိုးလို့ရောရရဲ့လား?

နှစ်ယောက်လုံးမအန်တာသေချာမှ လျန်ရှန်းက တံခါးကိုဆွဲဖွင့်လိုက်တော့ ကျွီကနဲအသံတစ်ချက်နဲ့အတူ အခန်း၁၄၁၃ရဲ့ လုံခြုံမှုအပြည့်နဲ့တံခါးကြီး ဖြည်းဖြည်းချင်းပွင့်သွားတယ်။

အထဲမှာ မီတာ၃၀ပတ်လည် အကျယ်ရှိ အခန်းတစ်ခန်းတည်းအပြီး တိုက်ခန်းလေးရှိနေတယ်။ အိမ်သာကိုတောင် လျှောတံခါးနဲ့ခြားထားတာမို့ အခန်းထဲမှာ ဘာကိုမှ ဖွက်ဖို့နေရာမရှိ။

အိမ်ပေါက်ဝမှာ ဖိနပ်တွေ စီစီရီရီထားရှိပြီး ကောင်းမုန်ယွီရဲ့ဖုန်းနဲ့သော့တွေပါ ဖိနပ်စင်ပေါ်မှာရှိနေတယ်။ မီးဖိုချောင်နဲ့ဘေစင်က သန့်ရှင်းနေပြီး အိပ်ယာပေါ်မှာလည်း စောင်က အပြန့်လိုက်လေး။ အိပ်ယာဘေးမှာ လေးထောင့်ပုံစားပွဲလေးရှိပြီး ကြောင်ပုံစံစားပွဲခင်းလေးနဲ့ အလှဆင်ထားတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now