Part 13.1

441 80 2
                                    

Part 13.1

13 01

အခန်း (၁၃)

မက်ဆေ့မှတ်တမ်း

နောက်နေ့ကျတော့ ကျူံးချန်းရှော်ခမျာ ယင်းရန်ကို ကိတ်မုန့်ဆိုင်ထဲက ဆွဲမထုတ်ရရုံတမယ်ပဲ။

မနေ့ကဝယ်လာတဲ့ကိတ်မုန့်ကို အိမ်ပို့ဖို့အတွက် သူအပြင်ခဏထွက်ပြီး deliveryအပ်ရုံလေးတင်ကို..ဆိုင်ထဲ ပြန်ရောက်လာတော့ တစ်စုံတစ်ယင်းက မင်္ဂလာဆောင်ကိတ်မုန့်ကြီး မှာနေသတဲ့လေ။

"ဒီကိတ်မုန့်က ဒီဆိုင်မှာ အကြီးဆုံးပဲ"

အ​ကျေနပ်ကြီးကျေနပ်နေတဲ့ ယင်းရန်ရယ်ပါ။

ကျူံးချန်းရှော်လက်တွေ ကတုန်ကယင်ဖြစ်လာတယ်။ နမော်နမဲ့နိုင်လိုက်တာ..အင်းလေ..အတိတ်မေ့နေတဲ့လူဆို​တော့လည်း

သူလုပ်လိုက်သမျှတွေက တစ်ဖက်ကမ်းကို လွန်နေလွန်းအားကြီးလို့ အရမ်းနားလည်ရခက်တယ်။

ကျူံးချန်းရှော်က မှုန်ကုပ်နေတဲ့မျက်နှာကြီးနဲ့ အရောင်းဝန်ထမ်းဘက်လှည့်ပြီး..

"စိတ်မရှိပါနဲ့...ငွေပြန်အမ်းပေးလို့ရမလား?"

ယင်းရန်ဒေါသပုန်ထပါပြီ။

"ဘာလို့လဲ?! ကျွန်တော့်လခလေ—"

"အဲ့ဒီလခကိုမသုံးခင် ငါနဲ့တိုင်ပင်ရမယ်လို့ မနေ့ညကပြောထားတယ်လေ"

"ကျွန်တော်ကြိုက်ရင် ဝယ်လို့ရတယ်လို့လည်း ပြောခဲ့တယ်လေ!"

အရောင်းဝန်ထမ်းရဲ့မျက်လုံးတွေက သူတို့နှစ်ဦးကြားမှာ တောင်ပြေးလိုက်၊မြောက်ပြေးလိုက် ဖြစ်နေပြီးနောက် သူက ကျူံးချန်းရှော်ကို 'နားလည်ပါတယ်'ဆိုတဲ့သဘော ပြုံးပြတယ်။

"ကိတ်မုန့်ဒီဇိုင်းက မျက်စိနောက်စရာ ကောင်း​နေလို့လားဗျ? ကျွန်တော်တို့မှာ ဝယ်သူစိတ်တိုင်းကျ ဒီဇိုင်းဖော်ပေးတဲ့စနစ်ရှိ—"

ကျူံးချန်းရှော်: "ရတယ်..ငွေပဲပြန်အမ်းပေးပါ...ကျေးဇူး"

ယင်းရန်က တောက်တောက်ပပပြုံးလိုက်ပြီး..

"မအမ်းနဲ့နော်"

အရောင်းဝန်ထမ်းခမျာ ယင်းရန်အပြုံးမှာ မူးဝေသွားရတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now