Part 19.2

348 56 0
                                    

Part 19.2

ဒါကြောင့် သူမက သူငယ်ချင်းတောင်မဟုတ်တဲ့ လင်းပေ့ဆီမှာရင်ဖွင့်ခဲ့တာ။

"ဒီကိစ္စရဲ့တချို့တစ်ဝက်က ကောင်းမုန်ယွီလုပ်ကြံပြောတာလည်း ဖြစ်နိုင်တော့ အပြည့်အဝလက်ခံလို့မရဘူး...စာမေးပွဲgroupထဲက ကျောင်းသားတွေဆီက feedbackလိုချင်လို့ တမင်ပြင်ပြောထားတာဖြစ်နိုင်တယ်—သူ့ကိုယ်သူ 'အရမ်းဆတ်ဆတ်ထိမခံဖြစ်နေတဲ့ပုံ' မပေါက်အောင် ထိန်း​ရဦးမယ်လေ"

လင်းပေ့က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဝမ်းနည်းနေတဲ့ရုပ်လေးဖြစ်နေတယ်။

"ပြီးခဲ့တဲ့ ၃ပတ်လောက်ကဆိုရင် ကိုနှင်းဆီက ရှဲ့ချောင်မှန်း ကောင်းမုန်ယွီသိနေလောက်ပြီ...အဲ့ဒီရက်ပိုင်းထဲ သူ တော်တော်စိတ်ပင်ပန်းခဲ့မှာပဲ..."

ကိုနှင်းဆီကြောင့် အင်တာနက်တစ်ခွင်လုံး 'ရည်စားဟောင်း'ကို ဝိုင်းဆဲထားတာတွေနဲ့ ပြည့်နှက်နေလို့ ကောင်းမုန်ယွီခမျာ ကိုယ့်ဟာနဲ့ကိုယ်တောင် အားကိုးရာမဲ့နေတာ။ ဒီကြားထဲ ဟိုပုံပြင်ကပါ ဖြစ်ရပ်မှန်ဆိုရင် သူမခမျာ ရဲခေါ်ပြီး အကူအညီတောင်းနိုင်ခဲ့မှာမဟုတ်ဘူး။

တကယ်တမ်းကျတော့ အဘိုးကြီးက သူမကို ဘာမှလုပ်သေးတာမဟုတ်ဘူးလေ။

ကောင်းမုန်ယွီက နဂိုကတည်းက လူကြောက်ပါတယ်ဆိုမှ အဲ့ဒီလို စိတ်ပျက်အားငယ်စရာတွေနဲ့ပဲ တစ်ခုပြီးတစ်ခုကြုံနေရတဲ့နောက်...သူမ ဘာတွေတွေးခဲ့မလဲ?

"ရှင်တို့ပြောတဲ့ အပိုင်းနဲ့ပတ်သက်ပြီး ကျွန်မဘက်က ပူးပေါင်းပါဝင်လို့ရအောင် နည်းလမ်းရှာထားလိုက်ပါ့မယ်"

လင်းပေ့တစ်ယောက် ခက်ခက်ခဲခဲ ပြုံးနေရရှာတယ်။

"ကျွန်မကို ဒီမှာတွေ့ဖို့ချိန်းတာ ရှင်တို့ပြောမယ့်စကားတွေ ခိုင်လုံကြောင်း ရဲကတစ်ဆင့် ပြချင်လို့မလား...ရှင်တို့နှစ်ယောက်ကို ကျွန်မယုံပါတယ်"

သူမ ဒီစကားတွေကို ကျူံးချန်းရှော်ကို မမှိတ်မသုန်စိုက်ကြည့်ရင်း ပြောလိုက်တာ။

မျက်မှန်သုတ်နေတဲ့ကျူံးချန်းရှော်က လင်းပေ့အကြည့်ကို အာရုံခံမိသွားသလားတော့မသိ..သူ အလျင်စလို ခေါင်းမော့ကြည့်လိုက်ပြီး...

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now