Part 20.1

389 47 0
                                    

Part 20.1

အခန်း (၂၀)

ကြောင်

အိပ်ယာက နူးညံ့အိစက်လွန်းတော့ ယင်းရန် ဖြည်းဖြည်းချင်း တစ်ဖက်လှည့်ပြီး ပုံစံပြောင်းလိုက်တယ်။ အဲ့ဒီနောက် လျန်ရှန်းကိုလျစ်လျူရှုပြီး လင်းပေ့ပို့ထားတဲ့ chatမှတ်တမ်းထဲကို ဝင်လိုက်ပါသတဲ့။

ကောင်းမုန်ယွီကို ရှာရတာလွယ်တယ်။ သူမပရိုဖိုင်ပုံက လက်နဲ့ဆွဲထားတဲ့ အတောင်ပံနဲ့ကြောင်ပုံလေး။ WeChatနာမည်ကလည်း 'ငှက်မွှေးကြောင်'တဲ့။

group chatက ပုံမှန်အတိုင်းပဲစတယ်။ အကုန်လုံးက သူတို့မွေးထားတဲ့ ကြောင်တွေ၊ခွေးတွေအကြောင်း ပြောနေကြတာ။ ခွေးပိုင်ရှင်တွေ သူတို့ခွေးလေးတွေအကြိုက်တွေ့တဲ့ ခွေးစာတံဆိပ်တွေအကြောင်းပြောပြီးရင် ကြောင်ပိုင်ရှင်တွေက ကြောင်မွေးတဲ့အတွေ့အကြုံတွေကို ဖလှယ်ကြတယ်။ groupရဲ့အနေအထားက သာသာယာယာပါပဲ။ တစ်ခါတစ်ရံဆို မွေးထားတဲ့ကြောင်လေး ၊ခွေးလေးတွေကို ဓာတ်ပုံရိုက်ပို့ကြတာမျိူးတောင်ရှိသေး။

ကောင်းမုန်ယွီလည်း အေးချမ်းတဲ့ဒီအနေအထားလေးကို သဘောခွေ့သွားတာကြောင့်ဖြစ်ပါလိမ့်မယ်...ကြောင်တွေအကြောင်း ပြော​နေတာ​​မြ​င်ရင် သူမ မနေနိုင်ဘဲ ဝင်ဝင်ပြောမိတယ်။

[မူလရည်ရွယ်ချက်ကိုမမေ့သင့်: ဟားဟား ငါတော့ ကြောင်ဖြူလေးတွေ ပိုကြိုက်တယ်]

[မူလရည်ရွယ်ချက်ကိုမမေ့သင့်: (ဓာတ်ပုံ)]

[ယွင်ယွင်​လေးက ဘာဂါကြိုက်ကြိုက်: ချစ်စရာလေး! ကိုယ်တွေအိမ်ကကောင်က လိမ္မော်ရောင်ကြီး~ ဝတုတ်နေလွန်းလို့ ပုံမပြတော့ဘူးနော်~]

[ငှက်မွှေးကြောင်: ချစ်ဖို့ကောင်းလိုက်တာ]

[ငှက်မွှေးကြောင်: ရှင်တို့ကြောင်လေးတွေ မျက်လုံးဘယ်နှလုံးပါ​ကြလဲ?]

groupထဲမှာ ခဏ​လောက် ဘယ်သူမှစကားမပြောနိုင်ကြဘူး။

မိနစ်ပိုင်းလောက် ကြာသွားတယ်။

[ကိုင်လီ: အမလေး ရယ်လိုက်ရတာ]

[ကိုင်လီ: စကားမစပ်...တော်ဝင်ကြောင်စာ ဘယ်လိုနေလဲ? ဒီထဲမှာ အဲ့ဒီတံဆိပ်ဝယ်ဖူးတဲ့သူရှိလား?]

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now