Part 10.1

509 91 0
                                    

Part 10.1

အခန်း (၁၀)

ယာယီတွဲဖက်

"၄နာရီ၁၅မိနစ်မှာ ဝင်ခွင့်အောင်တာ၃ယောက်..အိုခေ ပြီးသလောက်ဖြစ်သွားပြီ..ငါ ပြည်သူ့ဆေးရုံသွားတော့မယ်"

ဖုရှင်ချွမ်း မတ်တပ်ထရပ်လိုက်တယ်။

"ကောလိုင်ဖူနားမှာ ဒုတိယအဖွဲ့ရှိတယ်လေ..မင်းက ဘာသွားလုပ်မှာလဲ"

"ဒီမှာ အခြေအနေငြိမ်သွားပြီ.. ယင်းရန်လည်း အရည်အချင်းမှီတော့ သူ့ကို စာရေးပဲဖြစ်ဖြစ် လုပ်ခိုင်းလို့ရတယ်.. ကလေးနှစ်ယောက်လုံးက ငါတို့မျက်စိအောက်မှာ... ကောလိုင်ဖူကျတော့ ဘယ်အချိန် ဘာထလုပ်မလဲမသိရဘူး.. သူက အရေးကြီးတယ်..သူ့ကိုစောင့်နေတဲ့ကလေးတွေက အတွေ့အကြုံမရှိသေးဘူး"

"သဲလွန်စတစ်ခုခုကိုများ မမြင်လိုက်ဘဲ ကျော်သွားရင် ငါတာဝန်မယူနိုင်ဘူးလို့"

ပရော်ဖက်ဆာလီ: "အင်းး ရုတ်တရက်ကြီး သေနေဦးမယ် သတိထားဦး"

ဖုရှင်ချွမ်း: "... ကျေးဇူး"

ဒီလိုနဲ့ နံပါတ်တစ်-သရဲစစ်သူကြီးဟာ လက်ခါပြပြီး ကားခေါ်ဖို့အတွက် ဖုန်းထုတ်လိုက်တယ်။

ထိုအခိုက် [သုန်းဟော့မှ လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်း: ပျောက်ဆုံးသွားသော ကိုနှင်းဆီ] ဆိုတဲ့မက်ဆေ့တစ်ခု ဖုန်းscreenထိပ်မှာ ပေါ်လာတာမြင်တော့ ဖုရှင်ချွမ်းက ဖြစ်သလိုတစ်ချက်ကြည့်ပြီး ပိတ်ဖို့​ပြင်လိုက်တယ်။

အဲ့ဒီဗီဒီယိုဝဘ်ဆိုဒ်က ပေါက်ကရကြော်ငြာတွေပို့ပြန်ပြီ။

သို့ပေမယ့် သူမပိတ်ရသေးခင်မှာပဲ ဖုန်းဝင်လာတယ်။

ဖုရှင်ချွမ်းက ငြီးငွေ့စွာဖုန်းကိုင်လိုက်ပြီး..

"ဟေး..မဆက်ဖို့ငါပြော– ဘာ ရှောင်လျန်းကိုဖုန်းပေးလိုက်"

တစ်ဖက်ကလူ ရှင်းပြတာကိုနားထောင်ရင်း ဖုရှင်ချွမ်း တဖြည်းဖြည်း မျက်မှောင်ကြီးကြုပ်လာတော့တယ်။

"မဟုတ်သေးပါဘူး... ဘာကိစ္စ လူအင်အားမလောက်တာလဲ"

"အိပ်ရေးမဝလို့ ခေါင်းမူးနေကြတယ် ဟုတ်လား ဒီဘက်မှာလည်း မိစ္ဆာဝိညာဥ်တစ်ကောင် ပေါ်လာတယ်ထင်လို့ ငါတို့အင်အားစုတွေအကုန်လုံးကို အဓိကနေရာတွေမှာစုံစမ်းဖို့ လွှတ်ထားရတယ်"

လူသားလိုမိစ္ဆာမျိုး...Tahanan ng mga kuwento. Tumuklas ngayon