Part 10.2

595 106 4
                                    

Part 10.2

ဖန်းယွမ်ယွမ်ကလည်း ခြောက်ကပ်ကပ်ပဲ ပြန်ပြောတယ်။

"ရုပ်လွန်အစွမ်းရှိတဲ့လူတွေက မူမမှန်တာဆို ချက်ချင်းသိပြီး သဲလွန်စရှာတာမြန်တယ်... ဒိဌိသမားတွေကျတော့ သဘာဝလွန်ဖြစ်စဥ်တွေမှာ လွှမ်းမိုးမခံရလို့ သေရေးရှင်ရေးဖြစ်လာရင် အသက်ကယ်နိုင်တယ်"

"ကျွန်တော်က တလောလေးကမှ အကယ်ခံထားရတာလေ... ဘာဆိုဘာမှမသိဘူးလို့"

"ကျန်းမာရေးတော့ ကောင်းနေသားပဲ"

ဖန်းယွမ်ယွမ်က အညှာအတာမဲ့စွာ ကားတံခါးဖွင့်ပေးရင်းပြောတယ်။

"ရဲတွေ စုံစမ်းရှာဖွေတာကို ပူးပေါင်းပေးရင်ရပြီ... လုံခြုံရေးအဆင့် မစ်ရှင်တွေရဲ့ 99%လောက်က သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ အဖြေရှာတာမျိူးပဲ... ကျန်တဲ့1%ကတော့ လူလုပ်တာပေါ့... ရဲစခန်းမှာ လုံခြုံရေးဝန်ထမ်းတွေရှိလို့ ရှင်တို့ဘေးကင်းရေးအတွက် စိတ်ပူစရာမလိုဘူး"

"ဒါပေမယ့်—"

"ဒီမစ်ရှင်မှာ လုပ်ဆောင်ချက်ကောင်းရင် အလုပ်စဝင်တာနဲ့ အစမ်းခန့်ကာလကိုကျော်ပြီးတော့ တစ်ခါတည်း လစာအပြည့်တန်းပေးမယ်"

ဖန်းယွမ်ယွမ်က ပန်းကြီးပွင့်လာသလိုပြုံးပြီး အချက်အလက်တွေထည့်ထားတဲ့အိတ်ကို ယင်းရန်လက်ထဲ ထိုးထည့်လိုက်တယ်။

ဖန်းယွမ်ယွမ်ပြောသွားအထဲက ဘယ်စကားကြောင့်လဲတော့မသိ..ကျူံးချန်းရှော် ရုတ်တရက်ကြီးထပြောတယ်။

"သွားရအောင်... တစ်ခုခုဖြစ်ရင် မင်းကိုငါတာဝန်ယူမယ်"

ယင်းရန်: "... ..."

ကျူံးချန်းရှော်က အတည်ပေါက်ကြီး ထပ်ပြောတယ်။

"ငါ့ကိုယုံ..ငါ့မိဘတွေက နှစ်ယောက်လုံး ရဲအရာရှိတွေ"

ဒါပေမယ့် ခင်ဗျားက မဟုတ်ဘူးလေ

နောက်ပြီး ခင်ဗျား ကျုပ်ကို ပူပူနွေးနွေးလိမ်ထားတာ တစ်ရက်တောင်မပြည့်သေးဘူး

ကျူံးချန်းရှော်ကို ယင်းရန် အသက်မပါစွာ တစ်ချက်ကြည့်လိုက်ပြီး အဆုံးမှာတော့ မငြင်းဖြစ်ခဲ့— ဘာလို့ဆို ဖန်းယွမ်ယွမ်ပြောပုံအရ ရှီအန်းမှာ ရာဇဝင်တွင်မယ့် 'အစမ်းခန့်ကာလကြီး' ရှိနေလို့။ သူ့မှာ လတ်လျားလတ်လျားလုပ်ဖို့ပဲ အစီအစဥ်ရှိတာ အရမ်းသိသာသွားရင် သူ ရှီအန်းမှာ အလုပ်ရတော့မှာမဟုတ်ဘူး။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now