Part 15.1

371 68 1
                                    

Part 15.1

အခန်း (၁၅)

ခြေသံများ

ရုတ်တရက်မို့ ယင်းရန် ရှည်ရှည်ဝေးဝေးမတွေးနိုင်။

သူ့စိတ်ထဲမှာ အတွေးနှစ်ခု တစ်ပြိုင်တည်းပေါ်လာတယ်။ ပထမတစ်ခုက ကျက်ပြီးသားတစ္ဆေ လွတ်သွားတော့မယ့်အ​တွေး။ နောက်တစ်ခုက သူ ကျူံးချန်းရှော်ဆီမှာ ထောပတ်ကိတ်မုန့်တစ်တုံး အကြွေးတင်နေတဲ့အတွေး။

ခန္ဓာကိုယ်ကိုတစ်ဖက်လှည့်ပြီး တ​စ္ဆေကိုလက်နဲ့ပိုင်းချဖို့ ယင်းရန်အတွက် တစ်စက္ကန့်တောင်မကြာလိုက်ဘူး။ သူ လက်သည်းတွေထဲမှာ မိစ္ဆာချီနည်းနည်းထည့်လိုက်တာမို့—ခက်ထန်တဲ့အော်သံတစ်ချက်သာ ကြားလိုက်ရပြီး တ​​စ္ဆေ​ကိုယ်ပေါ် သူ့လက်ဖြတ်သွားတဲ့နေရာမှာ ဓားပူပူနဲ့ ထောပတ်ကိုပိုင်းလိုက်သလိုမျိူး ဒဏ်ရာအကြီးကြီးပေါ်လာတယ်။

တ​စ္ဆေခမျာ နှစ်ပိုင်းမ​ပြတ်သွားရုံတမယ်။

ယင်းရန်က မရပ်ဘူး။ အခြေအနေကို အခွင့်ကောင်းယူပြီး ကျူံးချန်းရှော်ကို သူ့နားရောက်အောင် လှမ်းဆွဲလိုက်တယ်။

သူဆွဲလိုက်တဲ့အားက အရမ်းပြင်းတော့ ကျူံးချန်းရှော်တစ်ယောက် ဟန်ချက်မထိန်းနိုင်​ဘဲ ယင်းရန်ရင်ခွင်ထဲကို တန်းပြီးဝင်ဆောင့်လေတယ်။ သို့ပေမယ့် အဲ့ဒီမတိုင်ခင်ကတည်းက ကျူံးချန်းရှော်က တစ်ခုခုမူမမှန်တာကို သတိထားမိလို့ သူ့ကိုယ်ကို တစ်ဖက်လှည့်ဖို့ပြင်နေပြီးသား...

ဒီလိုနဲ့ နှစ်ယောက်သား ဂန္ထဝင်စုံတွဲအကထဲကလို အနေအထားဖြစ်သွား​တယ်။ ယင်းရန်ရဲ့အနက်ရောင်ဆံနွယ်တွေ လျှောကျလာတော့ ကျူံးချန်းရှော်လည်ပင်းကို သွားထိလေရဲ့။

ကျူံးချန်း'မိန်းကလေးအနေအထားနဲ့ ခါးဖက်ခံထားရတဲ့'ရှော်: "........"

လင်းပေ့: "........"

ဓားကိုင်ထားတဲ့လူတောင် ၂စက္ကန့်လောက်ကြောင်သွားတယ်။

သို့ပေမယ့် ယင်းရန်က နောက်ဆုံးတော့ နေရာရွှေ့လိုက်ပြီမို့ သူနင်းထားတဲ့တ​စ္ဆေဟာ ပြိုလဲကျသွားပြီး ထွက်ပြေးပါတော့တယ်။ တစ်ဖက်မှာလည်း ဓားနဲ့လူက သတိပြန်ဝင်လာပြီး လင်းပေ့ဆီကို ယိုင်တိယိုင်တိုင်နဲ့သွား​​​​နေတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now