Chapter 1

124 2 0
                                    

ကျွန်မနာမည်ကတော့ ဟေမာပါ ကျွန်မက နည်းပညာကျောင်း ၂နှစ်တက်နေတဲ့ ခပ်စွာစွာကောင်မလေးပါ။အသက်ကသာ ၁၇ပဲရှိသေးပေမဲ့ ဘယ်အရာမဆိုလုပ်ရမှာ ပျင်းနေတယ် ဒါပေမဲ့ စိတ်ပိုင်းဖြတ်လိုက်ရင်တော့
အဲ့အလုပ်က မြန်"ပြီးတက်ပါတယ်။

လွတ်လွတ်လပ်လပ် ခေတ်လူငယ်လိုပဲနေပါတယ်
အခုခေတ်နဲ့ပြောရရင် Wolf cut နဲ့ ‌ဘဲရော စော်ရောကြည်တဲ့ မိန်းကလေးပေါ့ အရပ်ကတော့ ၅ပေ၆ ပါ မိန်းကလေးဖြစ်ပီးအဲ့လောက်ရှည်တော့ မကောင်းဘူးလေ။

"အာာာာာ ပျင်းလိုက်တာ "နာရီကိုကြည့်လိုက်တော့ ၈နာရီဖြစ်နေပီ "What the F***!!!" ဒီနေ့မှ ကျောင်းစတက်မှာလေ ဘာလို့‌အခုမှ နိုးရတာလဲဟသွားပါပီ အမေတော့ ပွားတော့မှာပဲ။

ရေချိုးခန်းထဲဝင် ရေအမြန်ချိုး ရင်ဖုံးအဖြူ ထဘီအပြာ Uniform လေးဝတ်ပီး
Breakfast တောင်မစားနိုင်ပဲ ထွက်ခဲ့တာ တော်သေးတယ် အမေမသိသေးလို့။

အဲ့တာနဲ့ကျောင်းရောက်သွားတယ် ကြားထဲမှာ ကိုယ့်ကားနဲ့သွားနေရပေမဲ့ လမ်းကပိတ်တာနဲ့ ကျောင်းမမှီမှာနဲ့ ဗျာများနေတာ ဗိုက်ဆာမှန်းကိုမသိတော့ဘူး။

အော် ကျွန်မကျောင်းက အင်းစိန်မှာလေ နဲနဲဝေးတော့ အဖေနဲ့အမေက ကားလေးတစီးပေးထားတာ။

"ဟိတ် ဟိုတယောက်!အခုမှ လာတာလား!"

ဆိုပီး တီချယ် ဒေါ်နှင်းမေရဲ့ အော်သံလေးကိုကြားလိုက်ရပါတော့သည်။

တီချယ်ဒေါ်နှင်းမေဆိုတာက စည်းကမ်းအရမ်းကြီးတဲ့သူမျိုး သူ့ဆို တကျောင်းလုံးကြောက်ကြတာ တုန်လို့အပြစ်လည်းပေးတက်သေးတယ်။

ပထမနှစ်မှာတုန်းကဆို သူ့စာသင်ချိန်ငိုက်နေလို့ဆိုပီး အခန်းပြင်ထွက်ခိုင်းပီး မတ်တပ်ရပ်ခိုင်းထားတာ ရိုးရိုးရပ်ခိုင်းရင်တော့မှားမယ်။စာရွက်လေးကိုင်ပီးရပ်ခိုင်းထားတာ ဘာရေးထားလဲဆိုတော့

"ကျွန်တော်မောင်ခွေး စာသင်ချိန်အိပ်ငိုက်လို့ မက်တပ်ရပ်နေရတာပါဗျာ"

ဆိုပီး ရပ်နေရတာ အဲ့တော့ကပေါ့လေ အရမ်းစည်းကမ်းကြီး ဒေါသကြီးတဲ့ တီချယ်ပါ တီချယ်ရှေ့ရောက်ရင်လွတ်လမ်းမရှိဖို့တော့လို့ ရှောင်သွားကြသည်။

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now