Chapter 4

37 2 0
                                    

ညစာစားပီးတော့ အိပ်ရာစောစောဝင်လိုက်ပြီး မနက်ဖြန်ကျောင်းတက်ရဦးမည်ကိုတွေးရင်း..
.................................……………….................

အိန္ဒြာ side

"ကျစ် စိတ်ညစ်လိုက်တာ ဘာလုပ်လုပ်ကို အဆင်မပြေဘူး" ထမင်းစားရင်း သက်ပြင်းချမိတယ်

"သမီး ဘာဖြစ်လို့လဲ စားလို့မကောင်းဘူးလား"

"မဟုတ်ပါဘူးဒယ်ဒီ သမီး ဒီနေ့ ကျောင်းစတက်လို့ပါ"

"စာတွေကော လိုက်နိုင်လား"

"ဟုတ် လိုက်နိုင်ပါတယ် ဒယ်ဒီ"

"လိုအပ်တာရှိရင် ပြောနော် သမီး"

အိန္ဒြာ mind "သမီးအတွက်က မိသားစုနွေးထွေးတာကို လိုချင်တယ် ဒယ်ဒီ..."

"သမီးပြောပါမယ် ဒယ်ဒီ"

"အေအေ စားပီးနားတော့လေ"

"ဟုတ် ဒယ်ဒီ"

အိပ်ရာပေါ်လှဲ လက်တင်စဉ်းစားမိသည်။

ဒီနေ့ ဟေမာတို့အတန်းထဲမှာ ထိုင်နေတဲ့ မိန်းကလေးက
သိပ်ကို လှတာပဲ .....ရိုးရိုးလေးနဲ့လှနေတဲ့ မိန်းကလေးကို တခါမှမမြင်ဖူးခဲ့။

သူ့ဘဝသက်တမ်းတလျှောက်မှာ မိန်းကလေးတယောက်ကို စွဲစွဲလမ်းလမ်းမတွေးခဲ့....။

ပြောချင်တာက အိန္ဒြာမိန်းကလေးတယောက်ကို စိတ်ဝင်စားဖို့နေနေသာသာ ဂရုတောင်မစိုက်
အိန္ဒြာလို St8 ယောက်က မိန်းကလေးတယောက်အကြောင်းကို စဉ်းစားမနေပါ။

အခုတော့ သူ့အကြောင်းတွေးရင်း မျက်နှာကပြုံးလာပြီ တို့ဘဝကို အပျော်တွေယူဆောင်ပေးတယ်ထင်ပါရဲ့။

သောက်နေကျ စီးကရက်ကို မထုတ်ဖြစ်တော့
ဒီတညတော့ စီးကရက်လေးက အဖော်မဲ့သွားရှာပြီ။

တို့နှစ်သက်ပါတယ်ဆိုတဲ့ စီးကရက်တောင် မသောက်ဖြစ်အောင် မင်းက တို့စိတ်ကို အပိုင် လွှမ်းမိုးနေတာလား။

မင်းနဲ့တွေ့မှ တို့က လိမ္မာချင်သွားတယ်
ကြည့်ရတာ မင်းကို မျက်စိကျနေပီလား မသိတော့ပါဘူး ......။

ကျွန်မ တကယ်လိုချင်တာက နွေးထွေးမှုကိုပါ
ခက်တာက ပစ္စည်းတွေ စည်းစိမ်တွေက အစအစအရာအရာ  အကုန်ပြည့်စုံနေပေမဲ့ "နွေးထွေးမှု"ဆိုတာကို  မခံစားဖူးဘူး။

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now