5 minutes Later...
"ဟဲ့! သူ Confirm လုပ်လိုက်ပြီ (ဟေမာ)"
"အေ စကားသွားပြောလေ (သွန်း)"
"နာရီကိုကြည့်ဦး ၁၀နာရီဖြင့် ခွဲပြီး ၁၁တောင်ထိုးတော့မယ် (လဝန်း)"
"အော်အေ နောက်နေ့မှပြောပေါ့ဟာ (မြင့်မိုရ်)"
"ကဲကဲ ငါတော့ဆင်းပြီဟေ့ (လဝန်း)"
"ငါလည်းဆင်းပြီ နေခဲ့ကြတော့ (သွန်း)"
"ကျန်တာဘာတွေလုပ်ရမှာလဲ နောက်နေ့ပြောရမယ် (မြင့်မိုရ်)"
"အေးပါ bye Bye (ဟေမာ)"
................................................................
ရက်သတ္တပတ် ၃ပတ်ခန့်အကြာ
နှင်းယုနှင့် အကုန်လုံးက ပိုပြီးရင်းနှီးလာကြသည်။ အိန္ဒြာဆို စာလည်းလုပ်လာသည်။အတန်းချိန်လည်း ပုံမှန်တက်ပြီး ပြဿနာ ရှာသည့်ကိစ္စမကြားရတော့။
အကြောင်းမှာ အိန္ဒြာနှင့် ဟေမာ သတ်ပွဲမဖြစ်သောကြောင့်ဖြစ်သည်။အိန္ဒြာ နှင့် နှင်းယုလည်း အရင်ကထက် ပိုရင်းနှီးလာကြသည်။
သို့ပေမဲ့ အခုထိ messenger မှာ စာမပို့ကြသေး... ။
အရင်ကထက် ပိုပျော်ရွှင်လာကြသည်။မုန်တိုင်းမလာခင် လေပြေလာသည်ဆိုသည်ကို ဘယ်သူမှမသိကြသေး....
.............................................................
ခရီးမထွက်ခင် ၂ရက်အလို
နှင်းယုကို ရိသဲ့သဲ့ လုပ်နေသည့် ကျောင်းသားတစ်ယောက်ရှိသည်။ယခုပင် သူ့အရှေ့မှာပိတ်ပြီး
စကားပြောနေသည်။"ဟိတ် ငါတို့ စကားပြောရအောင်"
"......."
နှင်းယု ဘာမှပြန်မပြောပဲ ရှောင်သွားလိုက်သည်။
ထိုကျောင်းသား နှင်းယုလက်ကို ကိုင်ဖို့လုပ်တဲ့အချိန်မှာ တစ်စုံတစ်ယောက်၏ ထိုးခြင်းကို ခံလိုက်ရသည်။"ဘာလဲဟ ဒီကောင်မက"
Outfit ဝတ်ဆင်ထားသည့် အိန္ဒြာ။မျက်လုံးတို့မှာ ဒေါသထွက်နေသည်။မျက်နှာကြီးတစ်ခုလုံးနီရဲနေသည်။
"မင်းက ဘယ်သူမို့လို့ မိန်းကလေးတစ်ယောက်လက်ကို ကိုင်ရတာလဲ"
YOU ARE READING
မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလား
FanfictionUnicode ဟေမာ နည်းပညာကျောင်းတက်နေတဲ့ ကျောင်းသူပါ အချစ်ဆိုတာ နှင်းယုနဲ့မတွေ့ခင်ကတည်းက မသိခဲ့ဘူး ဒီလောက်ထိ ပူလောင်ရ နာကျင်ရပေမဲ့ အဲ့ခံစားချက်တွေကိုတော့ ထွေးပွေ့ထားချင်သေးတယ်....။ နှင်းယု ကြိုးတွေအထဲမှာ သံယောဇဉ်ကြိုးကို အမုန်းဆုံးပဲ တောင်းပ...