Chapter 6

25 1 0
                                    

နှင်းယု စာသင်ခန်းထဲ၌ ထိုင်ကာ စာလုပ်နေသည်
ထို့နောက် ဒေါသထွက်နေဟန်ရှိ၍ မျက်နှာနီနေသော မိန်းကလေးနှင့် သူမ၏သူငယ်ချင်း များလည်း သူမနောက်မှ ပါလာသည်ကို မြင်သည်
ထို့နောက် နားစွင့်လိုက်သည်။

"တောက်စ် ဒေါသထွက်လိုက်တာဟာ"

"တော်ပါတော့ဆိုနေမှ အခု စာသင်ခန်းထဲရောက်နေပြီ နင်က မပြီးတော့ဘူး" လဝန်းတောင် ပြောလာရသည်။

"နင်တို့ ငါ ဒေါသထွက်ရင် ထိန်းလို့မရဘူးဆိုတာ သိရဲ့သားနဲ့ကို"

"အေအေ အခုတော့ စိတ်လျော့ မလျော့နိုင်ရင် နင် တီချယ်နှင်းနဲ့ နှစ်ပါးသွားရလိမ့်မည် ကြားလား"

တီချယ်နှင်းဆိုတဲ့ အသံနဲ့တင် ဟေမာ ရုပ်က ချက်ချင်းဖြူသွားပြီး တိတ်သွားတော့သည်။

နှင်းယုလည်း ကြည့်လိုက်တော့ မျက်နှာလေးက ဇီးရွက်လောက်ပဲ ရှိတော့သည် နှင်းယု ရီချင်မိသည် မထိန်းနိုင်ပဲ အသံက ထွက်လာသည်

"ခိခိ"

ဟေမာ အသံလာရာကိုကြည့်တော့ ဟုတ်တယ် ထိုကောင်မလေး ဟေမာ့ကို အချိန်တွေရပ်တန့်အောင် လုပ်ခဲ့တဲ့ ကောင်မလေး။

နှင်းယု လည်း ဆက်မရီတော့ပဲ စာလုပ်နေဟန် ဟန်ဆောင်လိုက်သည်

" အဟမ်းအဟမ်း "

ချောင်းဟန့်လိုက်တော့ သူမလန့်ပြီး ကြည့်လာသည်။ မတွေ့တာကြာသော်ကြောင့်ထင်သည်
ဟေမာအတန်ကြာငေးပြီးမှ အသိဝင်လာသည်

"အဲ လူကိုမမြင်ဖူးတာကျလို့ ကြည့်နေလိုက်တာ"

"မဟုတ် ..မဟုတ်ပါဘူး...ဟို..ဟို ဘောပင်အိတ်ပေးတဲ့သူများလား သေချာအောင်လို့ကြည့်တာပါ"

ဟေမာ မုသားနဲနဲတော့သုံးလိုက်သည် ဘာလို့သုံးလဲဆိုတာ ဟေမာလည်း နားမလည်တော့။

"ဒါနဲ့ စကားမစပ် နာမည်လေးသိလို့ရမလား"

"အော် နာမည်က နှင်းယုပါ"

နှင်းယုတဲ့ လှလိုက်တာ အဲ ဘာလဲဟ နာမည်က ရိုးရိုးလေးပဲကို ငါကဘာလို့လှတယ်လို့ ထင်‌နေတာလဲ ဟေမာရေ ။

"ဟုတ် ဒါနဲ့ ဒီဖက်ကကော"

"ဟုတ်ကဲ့ ကျွန်မနာမည်က ဟေမာပါ"

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now