Chapter 11

17 1 0
                                    

ခရီးမှာ ရန်ကုန်မှ ၃၉မိုင်ခန့်ဝေးသော မိုးယွန်းကြီးအင်းသို့ လေ့လာရေးသွားရောက်မည်ဖြစ်သည်။

အိန္ဒြာ၏ဒယ်ဒီကို ထိုမနက်မှပြောသောကြောင့် မလွှတ်ချင်ပဲလွှတ်လိုက်ရသည်။

ဟေမာတို့အုပ်စုမှာ စကားပြောနေကြသည်။နှင်းယုကိုကြည့်နေသော ဟေမာကြောင့် နှင်းယုအနေခက်မိသည်။သူမထိုနေ့၏ အတွေးစသည်
တစ်စနှင့် တစ်စ ပြန်မြင်ယောင်လာသည်။

Time Flash-back

"ကျွန်မလေ နှင်းယုကို သဘောကျနေမိပြီရှင့်"

"ရှင်..."

နှင်းယုအံ့ဩမိပါသည်။ သူမကို အကြင်နာမျက်ဝန်းဖြင့် ကြည့်နေသော  ဟေမာကို သူမ ဘယ်လို   ငြင်းရက်ပါ့...။

သို့သော် ထိုနေရာမှထွက်ခဲ့သည်။ဟေမာအနောက်ကနေ လိုက်လာရင်း

"နေပါဦး နှင်းယု!"

"နှင်းယုရယ် နှင်းယု ကျွန်မရှင်းပြပါမယ်!"

နှင်းယုလည်း ဆက်မသွားတော့ပဲ ဟေမာ့ဘက်ပြန်လှည့်လာသည်။ဟေမာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် နှင်းယုကို စကားစသည်။

"နှင်းယု နားမလည်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်"

"ဒါပေမဲ့ နှင်းယု...နှင်းယု လက်မခံနိုင်ဘူး"

"ကျွန်မနှင်းယုကို သဘောကျတယ်ဆိုတာ ယုံကြည်ပေးဖို့အတွက် စောင့်ပေးပါလား"

"........"

"ကျွန်မနားလည်ပါတယ် ဒီကိစ္စက အရမ်းမြန်ဆန်သွားမှန်း ကျွန်မ သိပါတယ်"

"ဒါပေမဲ့ နှင်းယုရဲ့ အဖြေက ဘာများလဲ သိလို့ရမလား"

"နှင်းယု....နှင်းယုက ဒီမှာ ကျောင်းပြီးအောင်  တက်ဦးမှာ ပြီးမှ ဟေမာနဲ့ ပြန်တွေ့ကြမယ်လေ အဲ့ကျ နှင်းယုရဲ့ အဖြေက ဘာလဲဆိုတာ ဟေမာ ရှင်သိလိမ့်မယ်"

"နှင်းယု ဘာကိုပြောချင်တာလဲ"

မဟုတ်ပါစေနှင့် လို့သာ ဆုတောင်းမိသည်။သို့သော် ကံကြမ္မာက မျက်နှာသာ မပေး။

"နှင်းယုကျောင်းပြီးတာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပြီးသားပါ"

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now