Chapter 12

15 1 0
                                    

"ကိုယ့်ကိုကိုယ် မိတ်ဆက်ပါရစေ ကျွန်တော့ နာမည်က မင်းမြတ်ပါ..."

ဟေမာသတိရသွားသည်။ထိုသူပင်။သို့သော်
အိန္ဒြာက အဘယ်ကြောင့် ရန်ဖြစ်ချင်နေသနည်း။နှင်းယုလည်း ဘာအကြောင်းကြောင့် ကြောက်နေသနည်း။

ဟေမာ အခြေအနေကို စောင့်ကြည့်နေသည်။
မြင့်မိုရ်က ရှုပ်ထွေးနေသော အခြေအနေမှ
နှင်းယုကို ဟေမာ့အနားဆီ ခေါ်လာသည်။

"နှင်းယု အမေကော မပါဘူးလား"

"ဟုတ် အမေက သွားခါနီး ၁ရက်အလိုမှ ကျောင်းက မေးခွန်းပြင်ဆင်ခိုင်းထားလို့ အဲ့တာ ပြင်‌ဆင်နေရတယ်"

"နေပါဦး မေးခွန်းတောင်လုပ်ခိုင်းတယ်ဆိုတော့ ပြန်ရောက်တာနဲ့ စာမေးပွဲအတွက် ပြင်ရတော့မှာပေါ့?"

"ဒါပေါ့ မမြင့်မိုရ်ရယ် "

"ဟာ အဲ့တာမှ ဒုက္ခပါပဲ နှင်းယုရယ် မြင့်မိုရ် စာမလုပ်တာကြာပါပြီဆိုနေမှ"

"ကဲပါ ဒီကိစ္စကို မေ့ပြီး ပျော်စရာရှိတာပျော်ရအောင်ပါ မြင့်မိုရ်ရယ် ဟုတ်တယ်မလား နှင်းယု"

နှင်းယု ခေါင်းသာညိမ့်ပြသည်။

"ငါ ဟိုဘက် ခနသွားလိုက်ဦးမယ်နော် နှင်းယုရေ ကျွန်မ လိုတာလေးသွားယူလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ပါ မမြင့်မိုရ်ရှင်"

မြင့်မိုရ် တမင်ရှောင်ပေးလိုက်ခြင်းဖြစ်သည်။သူမ၏ ကောင်မလေးတစ်ယောက်ကို သွားထိန်းမှရမည်။တော်ကြာ ခရီးမထွက်ခင် ပြဿနာဖြစ်ပြီး မလိုက်ရတော့ဖြင့်။

"ပစ္စည်းတွေစုံရဲ့လား"

မြင့်မိုရ်ထွက်လာခဲ့ပြီး ဟေမာနှင့် နှင်းယုတို့ နှစ်ယောက် ကျန်ခဲ့ပြီး တိတ်ဆိတ်နေသည်။ယခုလိုတိတ်ဆိတ်နေခြင်းက ဟေမာမနေတက်၍ မေးလိုက်ခြင်းဖြစ်သည်။

သို့သော် နှင်းယုကြည့်ရတာ အဆင်မပြေသေးပုံပေါက်သည်။မျက်နှာမှာ နီရဲနေ၏။ရှက်နေခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။

ဟေမာ အမေးများကို ခေါင်းခါပြီးတော့သာ ညိမ့်ပြသည်။ဟူးးးးးဟေမာတော့ ခက်ပြီလေ။

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now