Chapter 5

36 1 0
                                    

"သမီး အခု Uni ကို တက်နေပြီဆိုတော့ ပညာရေးကို အားမလျော့လိုက်နဲ့"

"ဟုတ်ကဲ့ ဖေဖေ"

"ကဲ စားကြဦးမှာလား ဒီသားအဖနှစ်ယောက်
ကျုပ်တို့တော့ ဆာနေပြီ"

"ကဲ စားကြမယ်လေ မြေးလေးတို့"

"ဟုတ် ဘွားဘွား"

နှင်းယုတို့ မိသားစုလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ထမင်းစားနေကြတာ တကယ်ကို ကြည်နူးစရာပါ

ကျွန်မနာမည်က နှင်းယုလို့ခေါ်ပါတယ် နည်းပညာကျောင်းသူလေးပါ။

မေမေက ဒေါ်နှင်းမေပါ တီချယ်နှင်းဆိုပြီး စည်းကမ်းကြီးတဲ့ တီချယ်ပေါ့။

ကျောင်းမှာစည်းကမ်းကြီးသလို အိမ်မှာလည်း စည်းကမ်းကြီးပါတယ် အလုပ်တဖက် လုပ်နေရတယ်ဆို‌ပေမဲ့ အိမ်ရှင်မတာဝန် ကျေပွန်တဲ့ အမျိုးသမီးဆိုတာလည်း မမှားပါဘူး။

နှင်းယု၏အဖေက ဦးကျော််စိန် ၊
Company Managerတစ်ဦးဖြစ်သည်။
နှင်းယုကို ငယ်စဉ်ကတည်းက ပညာရေးနှင့်ပတ်သတ်၍ အမြဲတိုက်တွန်းသည်။

ဒေါ်နှင်းမေသည် ဆရာမဖြစ်သော်လည်း ကျောင်းနေစဉ်အရွယ်ကို ဖြတ်သန်းခဲ့သဖြင့် သူမကိုယ်တိုင် ဦးကျော်စိန်လောက် သိပ်မတိုက်တွန်း။

သို့သော် နှင်းယုအဖေတိုက်တွန်းမှုကြောင့်သာလျှင် သူမ ဖြစ်ချင်သော နည်းပညာကို အမှတ်မီခဲ့ပါသည်။

နှင်းယုသည် ငယ်ရွယ်စဉ်က အဘွားနှင့်ကြီးပြင်းလာခဲ့သည် မိဘနှစ်ပါးတို့မှာ အလုပ်လုပ်ကိုင်ရသဖြင့် အိမ်၌ အဘွားဖြစ်သူနှင့်သာ အနေများသည်။

အလုပ်ပိတ်ရက်ရောက်သောအခါမှ မိသားစုအတွက် အချိန်ပေးသည်။
ယခုတော့ နှင်းယုလည်း တက္ကသိုလ်တက်တဲ့အရွယ်ရောက်လာသည်နှင့်အမျှ မိဘနှစ်ပါးလည်း အရင်လို အလုပ်မလုပ်တော့
မိသားစုကို အချိန်ပေးသင့်သည်ဟူ၍ ဖြစ်သည်။

နှင်းယုတို့မိသားစုလေးသည် ပျော်ရွှင်ဖွယ်ရာ၊နွေးထွေးမှုများဖြင့် တည်ဆောက်ထားလေသည်
သို့သော် တစ်စုံတစ်ဦး မဝင်ရောက်လာခင်အထိပင်တည်း....

..............................................................

နှင်းယု side

"သမီးရေ နောက်ကျတော့မယ်"

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now