Chapter 10

14 1 0
                                    

အိန္ဒြာ ဒီနေ့ကို တော်တော်ဒေါသထွက်မိသည်။
ရောက်လျှင်သိလိမ့်မည်ဆိုသော ဒယ်ဒီကြောင့် လိုက်သွားရာ ကြင်ဖက်တွေ့ဆုံရသည်။

ကျောင်း၌လည်း ဟေမာက နှင်းယုကို ဖွင့်ပြောတာကို ဆေးခန်း၌ မတော်တဆကြားလိုက်ရသည်။

"နှင်းယု ‌ပြောစရာရှိတယ်"

"ဘာများလဲဟင်"

"ကျွန်မလေ နှင်းယုကို သဘောကျနေမိပြီရှင့်"

"ရှင်...ဘာကို‌ပြောတာလဲ"

‌အိန္ဒြာ အံ့ဩသွားပါသည်။သူလိုမျိုးပဲ ဟေမာက နှင်းယုကို သဘောကျနေတာလား...  မဖြစ်နိုင်ဘူး။သို့သော် ယခုပင် နှင်းယုကို ဖွင့်ပြောလိုက်သည်။

"ထပ်ပြောရမယ်ဆိုရင် နှင်းယုကို ချစ်နေမိပြီ"

"ရှင်!"

အိန္ဒြာမျက်ရည်တွေကျပြီး ဒေါသတွေထွက်မိပါသည်။ကိုင်လာသော coffee တောင် အေးစက်သွားသည်။ထို့နောက် အိမ်ပြန်မည်ဟုဆုံးဖြတ်လိုက်သည်။

အတန်းထဲ၌ ဝမ်းနည်းနေသော မျက်နှာဖြင့် ဝင်လာသော အိန္ဒြာကို မြင့်မိုရ်တို့သူငယ်ချင်းအုပ်စုက မြင်သည်။တစ်ခါမှ လူရှေ့မှာ မငိုဖူးသော အိန္ဒြာကြောင့် မြင့်မိုရ်တို့မှာ အကြောင်သား။

ပစ္စည်းများကို ကောက်သိမ်းကာ ပြန်ထွက်သွားဖို့အလုပ်

"အိန္ဒြာရေ ကျွန်မတို့ စကားခနပြောလို့ရမလား"

ဒေါသထွက်နေပါသည်ကို စကားပြောလို့ရမလားဆိုပြီး ခွင့်တောင်းနေသော မြင့်မိုရ်ကို မုန်းခြင်းများစွာပြည့်နှက်နေသည့် မျက်ဝန်းဖြင့် ကြည့်လိုက်သည်။

"မင်းနဲ့တို့မှာ ပြောစရာ ဘာစကားမှမရှိ"

"နှင်းယုဆိုရင်ကော?"

"........."

"ကြည့်ရတာ မ‌ဆွေးနွေးချင်ဘူးထင်တယ် ရပါတယ် မေ့လိုက်ပါတော့ မပြောခဲ့ဖူးမှန်း"

"ဘယ်နေရာမှာလဲ"

"စာကြည့်တိုက်မှာ"

"ကောင်းပြီ တို့လာခဲ့မယ်"

"မရဘူး အတူတူသွားမယ်"

"ကျစ်"

…............….............................................

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now