Chapter 7

19 1 0
                                    

တီချယ်နှင်းအတန်းချိန်ပြီးဆုံးသွားသော်လည်း သူတို့နှစ်ဦးမှာ အသံတိတ်တိုက်ပွဲ မပြီးဆုံးသေးပေ။

တီချယ်ဒေါ်နှင်းမေက ပြောသည့်ကိစ္စကြောင့် အကုန်လုံးမှာပျော်ရွှင်သွားကြသည်။

"ကဲ မင်းတို့ကိုပြောစရာရှိတယ် နောက် လကျရင် short trip လုပ်ဖို့ စီစဉ်ထားတယ် အဲ့တော့ လိုအပ်တာလေးတွေလုပ်ထားကြ ၃ညအိပ် ၄ရက်ပါပဲ ပြီးတော့ မင်းတို့အုပ်ထိန်းသူတွေ လက်မှတ်ထိုးပြီးမှ လိုက်ခွင့်ရှိတယ် ဒါပဲ ကဲဆင်းကြတော့"

"ဟုတ်ကဲ့ပါ တီချယ်"

"ရေးးးးး"

"ငါတို့ ခရီးထွက်ကြတော့မယ်ဟေ့"

ဟေမာတို့အဖွဲ့ပျော်သွားသော်လည်း မပျော်နိုင်သော‌သူတယောက်ရှိသည်။

နှင်းယုသတိထားမိ၍ အိန္ဒြာကိုမေးလိုက်သည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ်...(မပြေဘူးလို့ပြောရင် မင်းစိတ်ပူတာကို တို့မလိုချင်ဘူး)"

အိန္ဒြာသည် အပြင်မှာသာ ပြေသည်လို့သာပြောတာ မျက်နှာက နွမ်းနေသည်။တစ်စုံတစ်ခုကို လွမ်းနေပုံရသည်။

ဟေမာသတိထားမိ၍ အိန္ဒြာစိတ်မညစ်ရန် အာရုံလွှဲလိုက်သည်။

"ကဲကဲ ငါတို့လည်း အခု မုန့်သွားစားကြမယ်လေ"

"တို့ ဝယ်ကျွေးလို့အဆင်ပြေလား"

"ဟင် နင်က?"

"ဟုတ်တယ်လေ ဘာလို့လဲ"

"တသတ်လုံး ဆိုးလာတဲ့သူက ဘယ်လိုဖြစ်ပြီး
သဘောတွေကောင်းနေတာလဲ"

"ကဲ စားချင်တဲ့သူရှိရင် တို့ဝယ်ကျွေးမယ်"

"ဟေမာ နင်ကလည်း ဝယ်ကျွေးမယ့်သူရှိတာကို
နင်က ဘာတွေဖြစ်"

"ဟဲ့ အိန္ဒြာ နင်က အစားဆိုငမ်းငမ်းတက်နေ သိလား"

ဟေမာ အိန္ဒြာဘက်မှာနေနေသော မြင့်မိုရ်ကို ထူးဆန်းကြည့်လေသည်။မဖြစ်နိုင်ပါ အတွေးများကို ဖျောက်ဖျက်ကာ နှင်းယုကို ကြည့်လိုက်သည်။

"အားး နှင်းယုရှိနေတာကိုမေ့နေတာ နှင်းယု ဗိုက်ဆာနေပြီလား"

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now