Chapter 2

50 2 0
                                    

တော်ပါပီ ကိုယ့်ဘာသာ သူငယ်ချင်းတွေနဲ့သွားစားတော့မယ် လူလေးကသာ ချစ်စရာ စိတ်ကတော့ ချေမိုးနေလိုက်တာ ဒါပေမဲ့လည်း ဝတ်ကျေတန်းကျေ ပြောရဦးမှာပေါ့။

အဲ့အချိန်မှာပဲ မုန့်စားဆင်းချိန်ဆင်းသွားပီ

"တို့ထမင်းစားမှာမို့ မင်းကော အတူတူစားဦးမလား"

"ဟုတ် ရပါတယ် မစားတော့ပါဘူးရှင့်"ဆိုပီး ခေါင်းလေးမော့ပီး အကြည့်ချင်းဆုံသွားတယ်

လှလိုက်တဲ့ မျက်ဝန်းလေးရယ် မျက်ဆံညိုညိုလေးနဲ့ မျက်တောင်ကော့ကော့လေး

ညို့ဓာတ်တွေရှိသလားတောင် မသိဘူး တော်တော်ကြာမှ သတိပြန်ကပ်လာတယ် (ဟေမာရယ် ဖြည်းဖြည်းငမ်းစမ်းပါဦး အယ် ဖြည်းဖြည်းကြည့်ပါဦးလို့ ကျွတ်ကျသွားဦးမယ်နော်)

"အယ် မျက်နှာမှာဘာပေနေလို့လဲဟင်"

စောနကသူမဟုတ်သလိုပဲ ယဉ်ယဉ်ကျေးကျေးလေး ကိုယ်တွေနဲ့ကွာပါ့

"အော် ဘားမှ မပေပါဘူး"

"ဟုတ်ကဲ့ အဲ့ဆို သွားတော့‌မယ်နော်"ဆိုပီး ထသွားတယ်

ဟေမာလည်း သူငယ်ချင်းတွေဆီမသွားသေးပဲ စိတ်ကောက်သလိုလိုနဲ့ မသွားပဲ ဒီနေရာမှာပဲ စားလိုက်သည်။

အဲ့တာနဲ့ပဲ မယ်တော်လေးတွေက လာပြီး

"ဟဲ့ နင်ဘာလို့ ငါတို့နဲ့လာမစားတာလဲ"မြင့်မိုရ်ကမေးတော့

ကျွန်မကလည်း သူမေးတာမဖြေပဲ ထမင်းဆက်စားနေတယ်

"အော် နင်ငါတို့ကို စိတ်ကောက်နေတယ်ပေါ့ ဟုတ်တယ်မလား"

ဟုတ်တာပေါ့ ကျွန်မစိတ်ကို အသေအချာသိတာ ဒီသုံးယောက်ပဲရှိတာ။

မြင့်မိုရ်က အလယ်တန်းကျောင်းမှာကတည်းက ခင်လာတာလေ ကျောင်းမှာရော အတူတူဆိုးခဲ့ကြတာ

လဝန်းကကျတော့ ၁၀တန်းကျမှခင်တာပါ သူကကျောင်းသူအသစ်ပေါ့ အသစ်လည်း ကိုယ်နဲ့တွေ့မှ ဆိုးသွားတာပါပဲ အစက အေးတာ  ရေခဲတုံးတောင် ဆရာမလို့ခေါ်ရတဲ့အဆင့်ပဲ။

သွန်းကဗျာ က ပထမနှစ်မှခင်တဲ့ ကျောင်းသူလေးပါ သူကတော့ ကိုယ်နဲ့ပေါင်းတာ တနှစ်လောက်ပဲရှိဦးမှာပေါ့ ဒါပေမဲ့ သူက လဝန်းလိုတော့ မဟုတ်ဘူး။

မြင်မြင်ချင်းချစ်မိသွားလို့ အပြစ်ဖြစ်သွားပြီလားWhere stories live. Discover now