Part-2

4.3K 211 20
                                    

(Unicode)🥟

"တော်ဝင်..."

"......"

အိမ်လှေကားပေါ်ကနေအဆင်း ဧည့်ခန်းရှေ့အရောက် ဒယ်ဒီခေါ်သည်ကို မထူးပဲ မျက်နှာသာ တစ်ချက်လှည့်၍ ကြည့်လိုက်သည်။

" လာမဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဒယ်ဒီ့ ဇာတိမွေးရပ်မြေမှာ အလှူလေးသွားလုပ်မယ် သားပါ လိုက်ခဲ့ရမယ်"

ထိုအခါတွင်တော့ တော်ဝင်မပြောပဲမနေနိုင်တော့ပါ။

"ဒယ်ဒီ...ကျွန်တော်အားနေတာမဟုတ်ဖူးနော်။ဒယ်ဒီ့ ကုမ္ပဏီ....."

"ဒယ်ဒီ့စကားကို တစ်ခါလောက် နားထောင်ပေးပါအုံး တော်ဝင်"

အဟက်!တစ်ခါလောက် နားထောင်ပေးပါတဲ့လား။ကျွန်တော့် တစ်ဘ၀လုံး ဒယ်ဒီနဲ့ မာမီ ရဲ့ ကြိုးဆွဲရာ ကနေပေးခဲ့တာပဲမလား။ကျွန်တော့် စိတ်ဆန္ဒကို တစ်ခါတောင်မေးခဲ့ကြတာမဟုတ်ပဲ စကားနားထောင်ပေးဖို့ကို လာပြောနေတယ်!

"ကျွန်တော်ဘယ်တုန်းက ငြင်းလို့ရော ရခဲ့လို့လဲ!"

"သား..."

ပြောချင်တာပြောပြီး တစ်ချက်မှလှည့်မကြည့်ဘဲ ထွက်သွားတဲ့ သားဖြစ်သူကြောင့် ဉီးတော်ဝင်မောင် တစ်ယောက် မျက်နှာအိုကျသွားသည်။

ဒယ်ဒီတို့ စကားတွေက မင်းအတွက် စိတ်ဒုက္ခဖြစ်ချင်ဖြစ်လိမ့်မယ်တော်ဝင်။ဒါပေမဲ့ အကုန်လုံးက မင်းကောင်းစားဖို့ ဆိုတာကိုတော့ ဒယ်ဒီသိစေချင်တယ်။

_________________________

"ဟဲ့ နှောင်းငြိမ့် ဘယ်သွားဉီးမှာတုန်း"

အိမ်ထဲက ဇတ်ဇတ်ဇတ်နှင့်ထွက်လာသော သွားဖြစ်သူအား ဉီးငြိမ့်မောင်တစ်ယောက် အကျမ်းရည်သောက်ရင် လှမ်းမေးလိုက်တော့ ဒေါ် နှောင်းစိန်ကပါ သားဖြစ်ကိုလှမ်းကြည့်လိုက်တော့ Column shirtအရှေ့ခွဲ မိုးပြာရောင်အား ပုဆိုးအကွက်စိပ့် ခရမ်းရောင်နှင့် တွဲဝတ်ကာ အမြဲတမ်းစီးထားတဲ့ ရှေ့ဆံပင်လေးတွေကိုလဲ သေသေသပ်သပ် လိမ်းဖြီးထားသည့် သားဖြစ်သူ နှောင်းငြိမ့်မြူကိုတွေ့တော့ ဘာမှမပြောမိပဲ သားလုပ်သူကိုသာကြည့်နေမိသည်။

"သား...ရွာထဲက အလှူအိမ်သွားမလို့အဘ"

"ဟေ...အလှူအိမ် ငါလဲဘာမှမသိရပါလားကွ"

My Possessive Lovelyजहाँ कहानियाँ रहती हैं। अभी खोजें