Part-3

3.8K 222 1
                                    

(Unicode)🥟

"ကြောက်တတ်ရင် သူကြီးသားလုပ်မနေဖူးဗျ! သူခိုးဗ! အု!!"

ပြွတ်စ်

အွန့်း!!

အော်သံမဆုံးခင် ငြိမ့်နှုတ်ခမ်းအစုံက ငုံခဲသည်ကိုခံလိုက်ရသည်။

နှောင်းငြိမ့်မြူ၏နှုတ်ခမ်းအား ထိလိုက်ချိန် တော်ဝင်ရင်ထဲ လှပ်ခနဲဖြစ်သွားသည်။
ယောကျာ်းလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကဘယ်လိုလုပ် ဒီလောက် ပျော့အိနေရတာလဲ။

ငြိမ့်ဆံပင်တွေ အတွင်းသို့ လက်လျှိုဝင်ပြီး ထိန်းကာတစ်ဖြေးဖြေးဖြင့် ခပ်နွေးနွေး လျှာက ငြိမ့်ပါးစပ်အတွင်းထဲ ထိုးဝင်လာကာ ခံတွင်းအနှံ့ထိုလူလျှာဖျားဖြင့် တိုးမွှေသည်။ငြိမ့်နှင့်ထိုလူကြားတွင် လေဟာနယ်တောင် မရှိသလောက် ပူးကပ်နေသည့်အနေအထား။ငြိမ့် အသိစိတ်က ယောကျာ်းတစ်ယောက်၏ နမ်းရှုံ့ခြင်းခံနေရသည်ကို မခံမရပ် ဖြစ်လာကာ

ဘုတ်! ဘုတ်!

ငြိမ့် နိုင်မိနိုင်ရာ ထိုလူရင်ဘတ်တွေကို တဗုန်းဗုန်းထုရိုက်သော်လည်း နမ်းနေသူက ဟန်ချက်မပျက်။

ပုံမှန်ထက်မြန်နေတဲ့ နှလုံးခုန်သံတွေကို တော်ဝင်မထိန်းချုပ်နိုင်တော့ပါ။ထိုရင်ခုန်သံတွေက ဘယ်ကိုအဓိပ္ပာယ်ဆောင်သလဲ တော်ဝင်မသိပါ။သိလဲမသိချင်ပါ။သေချာတာ တစ်ခုကတော့ တော်ဝင် ထိုနှုတ်ခမ်းအစုံကို မလွှတ်ပေးချင်ပါ။

ဒွိတ်!

အား!

ဒုတိယတစ်ခေါက် ထိုလူဂွအား ငြိမ့်ဒူးဖြင့် ဆောင့်လိုက်ကာ တွန်းထုတ်လိုက်တော့ ထိုလူကမလှဲမပေမဲ့ ယိုင်သွားသည်။

"လူယုတ်မာ! သူခိုး! ဂျပိုး! မုဒိန်းသမားရုပ်နဲ့ လူကို အနိုင်ကျင့်နေတယ်! ခဗျားမှာ ဗလရှိတယ်ဆိုပြီး ဗလမရှိတဲ့ ငြိမ့်ကို အနိုင်လာကျင့်မနေနဲ့!ဟင့်!"

အီးဟီးဟီ့!!ဟင့်!

"ဟိတ် ဘာလို့ငိုနေတာလဲ!"

"အီးဟီး!"

"မင်းငိုတာမရပ်ရင် ထပ်အနမ်းခံရမယ်မှတ်"

တော်ဝင်ရှေ့တွင် ဖင်ထိုင်ချကာ သဲကြီးမည်းကြီးငိုနေသူအား ချဉ်စုတ်စုတ်ကြည့်နေလိုက်သည်။
သူပဲကန်ပြီး သူကပဲငိုရတယ်ရှိသေး။စောက်ကလေး!

My Possessive LovelyWhere stories live. Discover now