Part-6

3.4K 286 6
                                    

(Zawgyi)🥟

အလှုကတော့ လျောလျောရှုရှု ပြီးသွားခဲ့ပြီ။အလုပ်အကိုင်နေ့တွင်တော့ အကို့၏အမေဆိုသူ ရောက်လာခဲ့ကတည်းက ဘာကြောင့်လဲဆိုတာမသိပေမဲ့ အကိုပြုံးတာ သိပ့်မတွေ့ရတော့ပါ။အကိုကတော့ မနေ့ကအလှုပြီးသည့်အချိန်ကတည်းက မြို့သို့ ပြန်သွားခဲ့ပြီဖြစ်သည်။လွမ်းနေသူကတော့ ငြိမ့်ပေါ့။
မနေ့ က ငြိမ့်ကို အကိုပြောလိုက်တဲ့စကားလေးကြောင့် ငြိမ့် ယခုအထိအူမြူးနေမိသည်။အကိုပြောလိုက်တာက

*မင်း.....ဒီနေ့ အရမ်းလှနေတယ်*

ဟီးဟီး!မေကြီးကလှသည်ဟု ပြောသည်ကတောင် ငြိမ့် ဘာမှမဖြစ်။မနေ့က အကိုပြောလိုက်တော့ ငြိမ့်၏ဘယ်ဖက် ရင်အုံထဲတွင် အမြန်ရထား ခုပ်မောင်းနေသလိုပင်။အကို့အမေဆိုသည့် အန်တီသည်လည်း အရမ်းကိုလှသည်။
ယောက္ခမကြီးကို ဒီလောက်ချောလိုက်မယ်မထင်ထားဖူး။ရှေ့လျှောက်...အကို့ ကိုရဖို့ အကို့အမေကို ဖားရတော့မယ်နဲ့ တူတယ်!

"ဟေ့ကောင်!"

"အမလေး!အန်တီသားနဲ့ ကျွန်တော်နဲ့အကို့​ညေားကလေး၁၀ယောက်ဖွား!!"

"ဟမ်!"

"ဟင်!"

"ဟျောင့်!မင်း...မင်းက ဘာလို့ ငါ့ခါးကို လာတို့တာလဲ"

အော် မှတ်သားစရာ။ ရွာထဲက လူတွေတောင် ကြားမလားမသိ အော်ခေါ်နေတာတောင် သကောင်သားက ဘာတွေတွေးနေမှန်းမသိ တောင့်တောင့်ကြီးနှင့် မျက်နှာက ဆားပတ်ထားသည့် အတိုင်း စပ်ဖြီးဖြီး လုပ်နေတာကြောင့် အနားသွားကာ လရောင် နှင့် ဇာခြည်ခါးသွားတို့လိုက်တော့ ယောင်ပြီး ထွက်လာတဲ့စကားကြောင့် ၂ကောင်သား ကြောင်တောင်တောင်။

"ဟေ့ကောင် မင်းကိုခေါ်နေတာ ရွာထိပ့်က အရူးတောင် ကြားတယ်!"

ဇာခြည်က​ထိုသို့ပြောလိုက်သည်။

"ဟမ်!"

"ဘာတွေတွေးနေလို့ ခေါ်မကြား အော်မကြား ဖြစ်နေရတာတုန်း"

"အေး...ဟုတ်တယ် ငါတို့ကိုပြောပြ"

လရောင်မေးလိုက်သည့် မေးခွန်းကို ဇာခြည်က သံယောင်လိုက်ကာ မေးသည်။

My Possessive LovelyWhere stories live. Discover now