(Unicode)🥟မျက်နှာပေါ်သို့ ကျလာတဲ့ မှိန်ဖြဖြ နေရောင်ခြည်ကြောင့် တော်၀င် မျက်လုံးအစုံပွင့်လာခဲ့သည်။
နိုးသည်နှင့် ကုတင်ပေါ်ထထိုင်ကာ မနေ့ညကအကြောင်း တွေးနေမိတော့သည်။ဟား!
ဆံပင်ထဲသို့ လက်ထည့်ထိုးဖွရင်းသက်ပြင်းရှိုက်လိုက်တော့သည်။
ဘယ်ဟာက မှန်သည်လည်း မသဲကွဲ၊ ဘယ်ဟာက မှားသည်လည်းမသဲကွဲ၊ သေချာသည်က တော်၀င်စိတ်အစုံရှုပ်ထွေးနေသည်။ကိုယ်လုပ်ခဲ့သည့်လုပ်ရပ်တွေဟာ တရားရဲ့လား။မင်းရော ဘယ်လိုခံစားနေရမလဲ။
ခေါင်းထဲတွင် မေးခွန်းများစွာဟာ ဖန်ခါထပ်နေပေမဲ့ အကြောင်းရှိလို့ အကျိုးဖြစ်လာခြင်းပဲမဟုတ်လား။
လုပ်ရပ်တစ်ခုစီတိုင်းမှာ အကြောင်းပြချက်ရှိတယ်ဆိုပေမဲ့ အဲ့အကြောင်းပြချက်ကို ထိုလူသားအားပြောပြဖြစ်မည်မထင်။သက်ပြင်းနောက်တစ်ကြိမ်ရှိုက်ရင်း ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းထဲသို့သာ၀င်သွားလိုက်သည်။
အိမ်စင်္ကြန်တစ်လျှောက် လျှောက်လာရင်း အခန်းလေးတစ်ခုနားရှေ့တွင် တော်၀င်ခြေလှမ်းများ ရပ်သွားကာ ငေးစိုက်ကြည့်နေရင်း ခေါင်းတစ်ချက်ခါကာ အိမ်အောက်သို့သာဆင်းလာခဲ့သည်။"သား...."
အိမ်ပေါ်ထပ်မှ ဆင်းပြီးသည်နှင့် ထမင်းစားခန်းအနားသို့ရောက်သည်နှင့် ဒယ်ဒီကလှမ်းခေါ်သည်မို့ အပြင်သို့ ဦးတည်နေသည့် ခြေလှမ်းများရပ်သွားကာ ထမင်းစားခန်းသို့သာ ခြေဆန့်ပြန်ရသည်။
"........"
"မနက်စာ စားသွားအုံး"
"ကျွန်တော်မစားသွားတော့ဖူး။ဒီမနက် meetingရှိလို့"
"ဟုတ်ပါပြီ အဲ့တာဆိုလဲ.....ဒါနဲ့ သား နှောင်းငြိမ့်မြူလေးကိုတွေ့မိသေးလား"
ထိုစကားအဆုံး တော်၀င် မျက်မှောင်ကျုံ့သွားကာ နားဘန်ကြီးသွားရသည်။
သို့ပေမဲ့ ဘာမှပြန်မပြောမိပါ။"........"
"မနက်တည်းက မတွေ့တာ။ဒီလောက်အစောကြီး ကောလိပ်ကမဖွင့်သေးပါဖူး"
YOU ARE READING
My Possessive Lovely