Part-20

5.4K 262 30
                                    

(Unicode)🥟

ROYAL&DIAMOND ကုမ္ပဏီတွင် ၎င်းတို့၏Brandအသစ်အတွက် ရှယ်ယာရှင်တွေ အကုန်လုံးစုဝေးကာ ဂုဏ်ပြုညစာ စားပွဲရှိတာကြောင့် ၀န်ထမ်းတွေနှင့် လူအများကြီးဟာ ယောက်ယက်ပင်ခတ်ကာ ဟိုပြေးဒီပြေးဖြစ်နေကြသည်။

"Boss....."

"........"

တော်၀င် စာရင်းတွေလုပ်နေရင်း မော့မကြည့်ဘဲ မေးဆတ်လိုက်သည်။

"နိုင်ငံခြားမှာ ရှိတဲ့ရှယ်ယာရှင်တွေ အကုန်လုံးက ဂုဏ်ပြုညစာ စားပွဲကို လက်ခံပါတယ်။ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီကရှိသမျှ ရှယ်ယာရှင်တွေ အကုန်လုံး လာမယ်လို့ သိရပါတယ်"

"အင်း.....လုပ်ရမဲ့ကိစ္စတွေကို မင်းသေချာစီစဥ်ပေးလိုက်"

"ဟုတ်ကဲ့Boss၊ သွားလိုက်ပါအုံးမယ်"

"အင်း"

ရွှေရောင် ခြေဖော့နင်းကာ Bossရုံးခန်းထဲမှ အသက်အောင့်ကာပြန်ထွက်လာခဲ့သည်။
Bossပြောင်းလဲသွားသည်။သိသိသာသာကြီးကို ဖြစ်သည်။အရင်တည်းက စကားနည်းပြီး အေးစက်သူဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေတည်းက ပို၍စကားနည်းသွားသလို ပို၍လည်း အေးစက်လာကာ ဒေါသထွက် လွယ်လာသည်။
အလုပ်နှင့် ပတ်သတ်သည့်စကားများကိုသာ ဖောင်ဖွဲ့၍ပြောပြီး ကျန်တဲ့ကိစ္စတွေဆိုရင် အဖတ်ပင်မလုပ်။
ရွှေရောင်လည်း ဒီတလော Bossဆူတာ အရမ်းခံရသည်မို့ Bossမျက်နှာရိပ် မျက်နှာကဲ ကြည့်ကာနေနေရသည်။

ဘာကြောင့် ဘယ်လိုပြောင်းလဲသွားလဲ မသိပေမဲ့ Bossပြောင်းလဲသွားတာတော့ ပြောင်းလဲသွားတာအမှန်ပဲ။

"ဟူး!.....ဆမ်းသီးတော့ ဆမ်းသီးပဲ..."

ခေါင်းကိုတစ်ချက်ကုတ်ကာ Bossရုံးခန်းရှေ့မှာထွက်လာခဲ့လိုက်တော့သည်။
________________________

တီ! တီ! တီ!

"hello ၀ဿန်"

"နင်အားလား ကဗျာ...."

ကဗျာ လက်က နာရီကို ငုံကြည့်လိုက်ရင်း

"အင်း.......အားမယ်ထင်တယ် လက်တွေ့ဆင်းချိန်မရောက်သေးဖူး"

"အဲ့တာဆို ငါပြောတာခဏလောက်နားထောင်ပေး"

"အင်း ပြောလေ"

My Possessive Lovelyحيث تعيش القصص. اكتشف الآن