Part-15

1.9K 101 6
                                    

(Unicode)🥟

ဒေါက်! ဒေါက်!

"လာပါပြီ.....!"

ကျွီ!

"......."

ငြိမ့်တံခါးဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် နှုတ်ခမ်းထောင့်လေးတွေ မသိမသာ ညွှတ်ကွေးကုန်သည်။
လယ်၀ိုင်း ဆွယ်တာလက်ရှည်နှင့် ခြည်သားဘောင်းဘီအပွကိုတွဲ၀တ်ထားပြီး၊ တွေ့နေကျလို ဆံပင်များမှာ ဂျယ်လ်ဖြင့်ပုံသွင်းထားခြင်းမဟုတ်ဘဲ ခေါင်းလျှော်ထားသည့်နှယ် စိုစွတ်စွတ်ဆံပင်များမှာ နှဖူးပေါ်သို့ ဟိုတစ်စဒီတစ်စပင် ကျနေသည်။

"ငါ့ကိုပေးမ၀င်တော့ဖူးလား"

"အာ..!ဟုတ်..!"

လူကိုခေါင်းအစခြေအဆုံး မျက်တောင်မခတ် တရားခံကြည့်သလိုကြည့်နေသော အရှေ့ကတံခါးရှေ့တွင်ပိတ်ရပ်ထားကာ ညအိပ့်ကာတွန်း၀မ်းဆက်၀တ်ထားသော ဖြူစွတ်စွတ်ကောင်ကို တော်၀င်ခပ်ဆတ်ဆတ် တစ်ချက်ဟောက်ပေးလိုက်တော့ သူ့ကိုယ်လေးကို အနောက်သို့ကပ်ပေးလာသည်။

"........"

"ဟို အကို....ခဗျား ဘာပြောစရာရှိလို့လဲဟင်"

"........"

အကိုက မည်သည်မျှပြန်မဖြေကာ ကုတင်ပေါ်သို့ ပက်လက်လှဲအိပ့်လိုက်သည်။
ဘာများဖြစ်လို့ပါလိမ့်။

"အကို ဘာများဖြစ်-!"

"နှောင်းငြိမ့်မြူ.....ငါ့အနားကိုလာပါ"

ငြိမ့်ပြောမည့်စကားတွေ ဇာတ်တောင်မသိမ်းလိုက်ခင် အကိုက လှဲလျက်ဖြတ်ကာပြောလာတဲ့စကားကြောင့် ငြိမ့်ကြောင်တောင်တောင်ပင်ဖြစ်သွားရသည်။

"ဗျာ......"

"အနားကိုလာလို့"

"ဟုတ်....."

ငြိမ့်အကို အိပ့်နေရာဆီသို့ ဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီး အကို့အနားတွင်ရပ်နေလိုက်သည်။

ဘုန်း!

"ဘာ....ဘာလုပ်တာလဲ အကို....ခဗျား!"

ငြိမ့်လက်ကိုဆွဲကာ ကုတင်ပေါ်သို့ဆွဲချလိုက်တာကြောင့်ပင်။

"ငြိမ်ငြိမ်နေပါ...."

"......."

ငြိမ့်အနောက်မှအကိုက ရုတ်ချည်းသိုင်းဖက်လာကာ ငြိမ့်လယ်တိုင်တွင် နှာတံချွန်ချွန်ကို နစ်နေအောင် ဖိကပ်ထားတာကြောင့် ငြိမ့်ကိုယ်လေးကို ကျုံ့ထားမိသည်။
ရင်ခုန်သံတွေမှာလဲ အထိန်းအကွတ်မဲ့စွာ။

My Possessive LovelyWhere stories live. Discover now