Part-12

2.4K 119 3
                                    

(Unicode)🥟 Part-12

မိုးရည်ဖွဲဖွဲအောက်မှာ ကဗျာ လမ်းလျှောက်ရင်း လမ်းပျောက်နေခဲ့တယ်။
ကမ္ဘာပြောလိုက်တဲ့ စကားတွေက ဒဏ်ရာအဖြစ် ရင်ထဲမှာ ကျန်နေခဲ့သည်။

**************

-ကဗျာ....-

-........-

-မင်းကူညီပေးမယ်မလား-

-........-

-ငါ့ကို နှောင်းငြိမ့်က ပြန်ချစ်လာအောင်-

-........-

-ဖြေပါအုံး-

-အင်း.....သူပြန်ချစ်ရင်....မင်းပျော်မယ်မလား-

-အသေအချာပေါ့-

-ငါကူညီမယ်-

-........-

-မင်းကို နှောင်းငြိမ့်ပြန်ချစ်လာအောင်-

-ကျေးဇူးကွာ....မင်းကငါ့ဘက်မှာ ရှိနေလို့ တော်သေးတယ်။ကူညီမဲ့ လူတစ်ယောက်ရပြီပေါ့-

-........-

****************
ကဗျာက သူ့တစ်မျက်နှာနဲ့ အသက်ဆက်နေရသူပါ။
ကဗျာ့မှာ သံယောဇဥ်ထားစရာ မိဘမရှိ။တွယ်တာစရာ မောင်နှမ မရှိ။
သူသာမရှိတော့ရင်.....ဒီလောက်နာကျင်စရာများတဲ့ လောကကြီးမှာ ကဗျာက ဘယ်သူ့ကိုကြည့်ပြီး နေရတော့မှာလဲ။

မင်းမရှိရင် မဖြစ်ဖူးဆိုတာကို ငါငိုပြီးပြောပြရမှာလား ကမ္ဘာ။အဲ့လိုဆို မင်းငါ့အနားမှာ ရှိနေပေးမှာလား။

အရင်ချိန်က ကမ္ဘာနဲ့ တွဲခဲ့တဲ့ လူတွေအပေါ်မှာ ကမ္ဘာစိတ်ပိုသွားမှာ မစိုးရိမ်ခဲ့ဖူးဘူး။
ဘာလို့ဆို....ကမ္ဘာက သူတို့ကိုမှ တကယ်မချစ်ခဲ့တာပဲကို။

ဒါပေမဲ့.....မတွဲရသေးသည့် နှောင်းငြိမ့်နှင့်မှ ကဗျာ စိတ်မပျော်နိုင်ပါ။
ကဗျာ မပျော်ပေမဲ့လည်း....ကမ္ဘာက ပျော်မယ်မလား။
မင်းပျော်ဖို့ အရေးကြီးတယ် ကမ္ဘာ!မင်းပျော်မယ်ဆို ငါနာကျင်ရလဲဖြစ်တယ်။

ဒါပေမဲ့....ငါလဲ ပင်ပန်းနေပြီမို့.....တစ်ခါလောက်ဖြစ်ဖြစ် ပြန်ချစ်ပေးလို့မရဖူးလား!။

>>>>>>>>>>>>>>>>>

ဒီနေ့ ငြိမ့်ကောလိပ်ကို အစောကြီးသွားခဲ့တယ်....တစ်ယောက်တည်းပေါ့။
အကိုကတော့ အရင်လိုလိုက်ပို့မှာပါ။အရင်လိုမဟုတ်တာ တစ်ခုက အကိုက ငြိမ့်ကို စကားမပြောတာပါပဲ။

My Possessive LovelyWhere stories live. Discover now