Part-19

5K 229 18
                                    

(Unicode)🥟

5 years Later

"နနလေးရေ....."

"yep!!"

"Come Here.."

ဒေါ်သက်လျာ ကုမ္ပဏီမှ ပြန်ရောက်သည်နှင့် မြေးတော်လေးကို လက်လေးဆန့်ကာ ခေါ်လိုက်တော့ သကောင်သားလေးက အပြေးလာပြီး လာဖက်လေရဲ့။
ဖြူစွတ်နေသည့်အသားအရည်လေးပေါ်ကိုကာတွန်း၀မ်းဆက် အဖြူလေး၀တ်ထားတာမို့ ၅နှစ်သားအရွယ် မင်းဒေါနနောင် လေးမှာ အလွန်ကိုချစ်ဖို့ကောင်းနေသည်။

"သား ဖေဖေရော နန"

တူလေး၏ ဖောင်းကားနေသည့် ပါးလေး၂ဖက်ကို အသည်းယားကာ ဖိညစ်လိုက်ကာ မေးလိုက်သည်။

"ဖေဖေက မီးဖိုရှောင်မှာ ဖွားလေး"

မပီကလာ ပီကလာပြောနေသည့်မို့ အသည်းယားကာ ပါးလေးကို ထပ်ညစ်လိုက်မိပြန်သည်။

"ဟုတ်ပြီ...ဟုတ်ပြီ။လာ...ဖွားလေး နနလေးအတွက် အရုပ်တွေ၀ယ်လာတယ်"

"ဖွားလေးကလဲ....တားကို အဲ့ယိုခေါ်နဲ့ယို့"

သူ့ကို နနလေးလို့ ခေါ်လို့ မျက်နှာကြီးမဲ့ကာ ​ဆူပုတ်နေသည့်ကောင်လေးကို

"ဟုတ်ပါပြီ....မခေါ်တော့ပါဖူး မောင်ဒေါန ရယ်"

ထိုအခါမှ ဒေါ်သက်လျာလက်ထဲမှ အရုပ်တွေကို လက်လှမ်းယူသည်။

"........"

ဘေးချထားသည့် အရုပ်ဘူးတစ်ချို့ကို ပေးလိုက်တော့ မျက်၀န်းတွေမှာ လက်ခနဲ။
အရုပ်ဆိုတာနဲ့ကို ပျော်နေတော့တာပါပဲ။

​နနလေးကို အရုပ်တွေပေးခဲ့ပြီး တူဖြစ်သူရှိတဲ့ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်တော့ အေပရွန်၀တ်ကာ မီးဖိုချောင်ထဲ ယောက်ယက်ခတ်နေသည်ကိုတွေ့တော့ ဒေါ်သက်လျာ ပြုံးလိုက်မိသည်။

"သားနှောင်း...."

အနောက်မှခေါ်သည့် အန်တီလေး၏အသံကြောင့် ငြိမ့်အနောက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

"ဟုတ် တီလေး"

ဒေါ်သက်လျာ တူဖြစ်သူ၏အနားသို့လျှောက်သွားလိုက်သည်။

"ဟို.....တီလေးတို့...ညကျရင် စကားခဏလောက်ပြောကြရအောင်"

"ဟုတ်ဟုတ်"

My Possessive LovelyWhere stories live. Discover now