(Unicode)🥟အိမ်ပြတင်းပေါက်မှ ကျရောက်လာတဲ့ နေရောင်ခြည်နွေးနွေးကြောင့် ငြိမ့်နိုးလာခဲ့သည်။ပုံမှန်မဟုတ်တာ တစ်ခုက ငြိမ့်ကိုယ်လုံးလေး ဒီနေ့မှ နေရတာပို၍ နွေးနေသည်။လေးလံနေသည့် မျက်လုံးတွေကို တင်းကာ ဖွင့်လိုက်တော့ ငြိမ့်လန့်ကာ မျက်လုံးလေးများပြူးကျယ်သွားသော်လည်း အသံလဲမထွက်မိသလို၊ လှုပ်လဲမလှုပ်မိပါ။ငြိမ့်တစ်ကိုယ်လုံး မင်းတော်ဝင်မှိုင်းရင်ခွင်ထဲရောက်နေပြီး ငြိမ့်နှဖူးနှင့် သူ့နှုတ်ခမ်းထိလုနီးပါး အနေအထားထိ ပူးကပ်နေသည်။
မျက်လုံးအစုံက ခပ်ငြိပ့်ငြိပ့်စေ့ပိတ်ထားသည်တောင်မှ ဆွဲဆောင်မှု့က အပြည့်ပင်။
ငြိမ့် ကိုယ်ငြိမ့်တောင် သတိမထားမိလိုက်ခင် လက်တွေက တောင်ဝင်မှိုင်း၏နှုတ်ခမ်းပေါ်သို့ရောက်နေပြီ။ငြိမ့်နှင့် ထိုလူက ဘေးစောင်းလျက် မျက်နှာချင်းဆိုင်အနေအထား။ဒုတ်! ဒုတ်! ဒုတ်!
စည်းချက်မညီသော နှလုံးခုန်သံတွေကြား ငြိမ့်ဘာလုပ်ရမယ်မှန်းမသိ။
ချောသည်။မင်းတော်ဝင်မှိုင်းဆိုသူသည် ငြိမ့်ကို ရင်ခုန်အောင် လုပ်နိုင်သည့် ပထမဆုံး သူဖြစ်လိမ့်မည်။"ကြည့်လို့ဝပြီလား"
"အင်း....မ၀သေးဖူး....."
"အဟက်!"
ဟက် ခနဲရယ်သံ သဲ့သဲ့ကြားမှ ငြိမ့်အသိလေးဝင်လာသလို ခန္ဓာကိုယ်လေး ဆတ်ခနဲဖြစ်သွားသော်လည်း ဘယ်အရာက ဆွဲဆောင်ထားလည်းမသိလောက်အောင် ထိုလူကိုသာ ကြည့်နေမိသည်။
"အင်း....အ့ဆို ဆက်ကြည့်"
ထိုလူ၏၀င်သက်ထွက်သက်နွေးနွေးတိုင်းက ငြိမ့်နှဖူးကိုလာလာဟပ်ကာ အသည်းနှလုံးကိုလာကျီဇယ်နေသလိုပင်။
ဒုတ်! ဒုတ်! ဒုတ်!
"မင်း ရင်တွေခုန်နေတာပဲ နှောင်းငြိမ့်မြူ"
နှောင်းငြိမ့်မြူ နှလုံးခုန်သံဘယ်လောက် ကျယ်သလဲဆိုရင် တောင်ဝင် သူ့နှလုံးခုန်သံကြောင့် နိုးလာရခြင်းသာဖြစ်သည်။
"ဟမ်!...ဘာ!"
ဒုန်း!
အ့!
"မင်း...နှောင်းငြိမ့်မြူ မင်းငါ့ကို နာအောင် လုပ်တာ ဒါနဲ့ဆို ၃ခါရှိပြီနော်!"
BẠN ĐANG ĐỌC
My Possessive Lovely