Part-11

2.3K 128 3
                                    

(Unicode)🥟Part-11

"ကိုယ့်ကို စိတ်ဆိုးနိုင်ပါတယ်။ဒါပေမဲ့ အဲ့နေ့က မင်းပြောတဲ့ စကားတွေအတိုင်း ကိုယ်မင်းကို တစ်ခါမှ မမြင်ခဲ့ဖူးပါဖူးကွာ!"

"တော်တော့...ဖယ်။ကျွန်တော် အကိုနဲ့စကားမပြောချင်ဖူး"

ရွှေရောင် ရုန်းကာ ထွက်သွားမည်ပြုသော်လည်း ထိုသူနှင့် အင်အားမမျှတာကြောင့်

"ခနလေးပါ...ကိုယ်ရှင်းပြတာ နားထောင်ပါအုံး"

"ဘာလဲ...ကျွန်တော့်ကို ထပ်လှောင်ချင်သေးတာလား"

"......."

"အင်း....ကျွန်တော် အကို့အပေါ်မှာ အခုခံစားချက်တွေရှိနေသေးတာမို့ အကိုလှောင်လို့ရသေးတယ်။ဒါပေမဲ့ အကို့အပေါ်မှာ ထားတဲ့ ကျွန်တော်ခံစားချက်တွေ အသက်မဲ့တဲ့ တစ်နေ့ကျရင် အကိုကျွန်တော့်ကို လှောင်လို့မရတော့ဖူး!"

"........"

၀ုန်း!

ရွှေရောင် ထိုလူရင်ဘတ်ကိုတွန်းကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်

"ကိုယ်မင်းကိုချစ်တယ်ရွှေရောင်!!"

ထိုစကားကြောင့် ရွှေရောင် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။

"ကိုယ်မင်းကိုအရမ်းချစ်တယ်။ဘယ်လိုလဲ မသိပေမဲ့ မင်းကို တခြားသူနဲ့ အတူမြင်လိုက်ရတဲ့အချိန်မှာ ကိုယ်မင်းကို ဆုံးရှုံးရမှာကြောက်သွားခဲ့တယ်!"

"......."

"ကိုယ်မင်းအပေါ်မှာ မဖြူစင်တော့တဲ့စိတ်တွေက လွန်ခဲ့တဲ့ ၁နှစ်လောက်တည်းကရှိနေခဲ့တာပါ"

ထိုနေ့က ရွှေရောင်ကို သန့်စင်ခန်းထဲမှာ လူတစ်ယောက်နဲ့ နမ်းနေတာကိုတွေ့လိုက်ရသည်။အရက်သောက်ထားတဲ့အရှိန်ကြောင့် ဒေါသနှင့် ရွှေရောင်ကို တခြားသူလက်ထဲပါသွားကာ ဆုံးရှုံးရမှာကြောက်သည့်စိတ်တို့ ရောထွေးကာ စိတ်လွတ်သွားပြီး ၀ဿုန်မပြောသင့်တာတွေ ပြောမိသွားသည်။

"......."

"ကိုယ်ကြောက်နေခဲ့တာ။မင်း ကိုယ်မဟုတ်တဲ့ တခြားသူလက်ထဲပါသွားမှာကို။ကိုယ်သတ္တိမရှိခဲ့တာ မင်းကိုချစ်တယ်လို့ ပြောဖို့ကို။ကိုယ့်စိတ်ကို သေချာမသိခဲ့တာ။ဒါပေမဲ့....ကိုယ်အဲ့နေ့ကမှ သေချာသွားခဲ့တာ မင်းကိုချစ်တယ်ဆိုတာ!"

My Possessive LovelyWhere stories live. Discover now