Part-7

2.8K 188 4
                                    

(Zawgyi)🥟

"ဟယ်လို..."

"အေး သူငယ်ချင်း"

"ငါ့သား လာနေပြီနော်။ငါတို့အစားဂရုစိုက်ပေးပါအုံး သူငယ်ချင်း"

"အေးပါကွာ။ဂရုစိုက်ပေးမှာပါ...မင်းသားလေး မြို့ပေါ်ရောက်လာရင် ငါ့သားကို သွားကြိုခိုင်းပြီး အိမ်ခေါ်လာခိုင်းလိုက်မယ်"

"အေး...ကျေးဇူးပါကွာ"

"ရပါတယ်...အချင်းချင်းပဲ။ပြောစရာလိုနေသေးလို့လား။ငါက ပြန်ပြီးကူညီပေးခွင့်ရတာ ၀မ်းတောင်သာသေး။နှောင်းငြိမ့်လေး ရောက်ရင် မနက်ဖန် ငါ သူကောလိပ်တတ်ဖို့ အကုန်စီစဉ်ပေးလိုက်မယ်...မင်းစိတ်ပူမနေနဲ့။ကြားလား"

"အေးပါ မင်းကိုငါယုံပါတယ်"

"အေးကွာ...အဲ့ဆို ဒါပဲ ငြိမ့်မောင်"

"အေးအေး"

တီ!

ဉီးငြိမ့်မောင် စိတ်ကို ဗုန်းဗုန်းမချနိုင်သေးပါ။
သားက ဘော်ဒါဆောင်မှာလဲ အဆင်မပြေတာကိုသိသည်မို့ သူငယ်ချင်း တော်ဝင်မောင်ကို အကူအညီလှမ်းတောင်းကာ နှောင်းငြိမ့်ကို သူတို့အိမ်မှာ နေပြီး ကျောင်းတတ်လို့ ရအောင် တော်ဝင်မောင်ဆီဠ်အကူအညီလှမ်းတောင်းခဲ့သည်။

သူငယ်ချင်း အရင်းကြီးတြွေဖစ်တာကြောင့် ထွေထွေ ထူးထူးပြောစရာမလိုပဲ လျှောလျှောရှုရှု ကူညီပေးခဲ့ပေမဲ့ တော်ဝင်မောင်၏အမျိုးသမီး ဒေါ်နွယ်ဒါလီမှိုင်းကတော့ လက်ခံမဲ့ပုံမပေါ်ပါ။
ဘာပဲဖြစ်ဖြစ် ကိုယ့်သားကို ထိခိုက်အောင် လုပ်လာခဲ့ရင်တော့ ငြိမ့်မောင်တို့က ငြိမ်ခံနေမည့် အမျိုးမဟုတ်ပါ။သားကို သူ့အသက်ကို ပိုချစ်ပါသည်။သားနဲ့ ပတ်သတ်ပြီး မြူမှုန်တစ်စ မပြောနှင့် ဆံမျှင် တစ်စ ဆိုသည်တောင် အထိအခိုက် မခံနိုင်ပါ။

____________________

တီ! တီ! တီ!

"hello....တော်ဝင်မောင် ပြောနေပါတယ်"

"ဟို...ဉီး..သားနှောင်းငြိမ့်မြူပါ"

အဘတို့ရေးပေးလိုက်သည့် နေရာရောက်တော့ ကားသမားအကိုကြီး၏ဖုန်းကိုခဏငှားကာ မှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်ကာ ခေါ်လိုက်သည်။

My Possessive LovelyWhere stories live. Discover now