(Unicode) SIDE STORY
သာယာနေတဲ့ ကန်ရေပြင်ကြီး အရှေ့မှာတော့ ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက် မျက်ရည်ရွဲစိုလျက် ရယ်တစ်လှည့် ငိုတစ်လှည့်နှင့် ဖိနပ်ချွတ်ကာ ရပ်နေသည်။
ဘာလို့......ငါကပျော်ရွင်မှု့နဲ့ မထိုက်တန်ရတာလဲ။
"ဒီမှာရှင့်!မမ!ဘာလုပ်တာလဲ!"
၀ုန်း!
"လွှတ်!ငါ့ကိုအခုလွှတ်!"
သက်လျာ ကျောင်းသွားဖို့ ရေကန်ကြီးရှိရာမှ ဖြတ်လျှောက်စဥ် မူမမှန်သည့် ကောင်မလေး တစ်ယောက်ကို တွေ့သည်။လည်၀ိုင်းT-Shirtအဖြူရောင်နှင့် ဂျင်းပြာဘောင်းဘီအပွကို၀တ်ထားကာ ဂုတ်၀ဲဆံပင်နှင့် အရပ်မြင့်မြင့် မိန်းကလေးတစ်ယောက်။
မသင်္ကာလို့ အနားသို့သွားကြည့်စဥ် သက်လျာအနားသို့ မရောက်ခင် ထိုကောင်မလေးက ရေထဲသ်ု့ တဖြေးဖြေး ဆင်းသွားတာမို့ သက်လျာ လန့်ဖြန့်ကာ ထိုကောင်မလေးရှိရာသို့ ရေးကြီးသုတ်ပြာ အပြေးသွားကာ အနောက်မှ ၀ုန်းခနဲလှမ်းဖက်ပြီး ကန်ဘောင်ပေါ်သို့ ဆွဲတင်လ်ုက်ပေမဲ့ ထိုကောင်မလေးကတော့ ကန်ကျောက်ကာ ရုန်းနေသည်မို့ ၂ယောက်လုံး ထိုင်နေပြီးထပ်လျက်အနေထားဖြင့် ပြုတ်ကျကာ သက်လျာက အောက်တွင်ဖြစ်ပြီး ထိုမိန်းကလေးကိုတော့ အနောက်ကနေ အားဖြင့် သိုင်းဖက်ကာ ဆွဲထိန်းထားသည်။
"ဒီမှာရှင့်!မ.....ဘာတွေလျှောက်လုပ်နေတာလဲ!"
"အဟင့်!ငါ့ကိုလွှတ်ပေးပါ ကျေးဇူးပြုပြီး!"
"........"
"ငါ ဒီလောကကြီးမှာ မနေချင်တော့ဖူး!"
"မ....စိတ်အေးအေးထားပါနော်!"
"ငါ့....ဆီမှာ ဘယ်သူမှ မကျန်တော့ဖူး!ငါ့ကိုလဲ ဘယ်သူမှ နားမလည်ပေးကြဖူး!"
"........"
"ဘယ်သူမှ မရှိတဲ့ ဘ၀ကြီးကို ငါကဘာကို မက်မောပြီး ဆက်နေနေရမှာလဲ အဟင့်!!"
"........"
"လွှတ်!"
"သက်လျာရှိပါတယ်!....သက်လျာ မ ဘက်မှာရော၊ မ အနားမှာပါ ရှိတယ်!!"
"........"
သက်လျာ ထိုကောင်မလေးကို ရင်ခွင်ထဲဆွဲထည့်ကာ ထိုသို့ပြောလိုက်တော့ ရင်ခွင်ထဲက ခန္ဓာကိုယ်လေးက ရုန်းကန်ခြင်းကင်းစွာ ငြိမ်သွားသည်။
ဘာကြောင့်မှန်းမသိ.....ထိုကောင်မလေး ငိုနေသည်ကို ကြည့်ပြီး သက်လျာနှလုံးသားက သိမ်ခနဲဖြစ်သွားရသည်။
အားပေးချင်သည်၊ အနားမှ ရှိနေပေးချင်သည်။ ထိုသည်တို့က သက်လျာရဲ့ သနားစိတ်ကြောင့်လား....ဒါမှမဟုတ်....!သေချာတာတစ်ခုက သက်လျာ ထိုကောင်မလေးကို မငိုစေချင်ပါ။
YOU ARE READING
My Possessive Lovely