Part - ( Uni )

2.4K 132 26
                                    

အပိုင်း - ၁



" သြဥ ... သြဥ ... သြဥ "

နေဝင်ရီတရောအချိန်တွင် ရွာလမ်းမပေါ်ရှိသစ်ပင်များပေါ်မှ လွမ်းဆွေးဖွယ်ကောင်းသော ဥသြငှက်ငယ်လေးများ၏ တွန်ကျူးသံလေးပျံ့လွင့်နေလေ၏။ လွမ်းဆွေးဖွယ်ကောင်းသောငှက်ငယ်လေး၏ တွန်ကျူးသံသည် ကြားရသူ၏စိတ်နှလုံးကို များစွာသောလွမ်းဆွေးမှုများဖြစ်စေ၏။

" သြဥ ... သြဥ ... သြဥ "

" ဟေ့ကောင်အမောင် သစ်ပင်ပေါ်မှာ ဥသြ ဥသြနဲ့
ဘယ်ကကြက်တူရွေးလင်ရှာထွက်နေတာလဲ "

" ဥသြ ဥသြ ပါဆိုမှ ကြက်တူရွေးဖြစ်မလားဟ။ မသကာ သူနဲ့မဲတာချင်းတူတဲ့ သာလိကာနေမှာပေါ့ "

" အေး ဟုတ်သားပဲနော်  "

ပြောချင်ရာပြောပြီး အတိုက်အဖောက်ညီနေသည့် လူသုံးယောက်သည် ယိုင်တိုင်တိုင်ဖြင့်လမ်း လျှောက်လာလေသည်။ ရုတ်တရက်ဆိုသလို သုံးယောက်ထဲမှတစ်ယောက်သည် အသံကျယ်ကျယ်ဖြင့်ထအော်လေတော့၏။

" ဟေ့ ဒီးဒီးလင်းလက်ယာတဲ့ကွ တစ်ယောက်ပဲရှိတယ်၊ နှစ်ယောက်ရှိရင် ငါကိုယ်တိုင် ဖြတ်ထုတ် ပစ်လိုက်မယ်၊ ဘယ်လူကိုမှ ခွေးမထင်မလို ဘယ်ခွေးကိုမှလဲ လူမထင်ဘူးနော်၊ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်တယ်ကွ! သေမှမကြောက်လို့ ပေတစ်ရာလျှောက် ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာ ၊ သူကြီးထိပ်တုံးဆိုတာ ခြေချင်းဆက် အမြွှာပူးတွေလို လာထား အာဘွားဆိုပြီး  တစ်ချိန်ထဲမှာ ပြွတ်ခနဲအတူထွက်လာရတဲ့သူလိုပဲ၊ ဒီးဒီးနဲ့ထိပ်တုံး ထိပ်တုံးနဲ့ဒီးဒီး ခွဲထားလို့ကိုမရဘူး၊ မိုက်တဲ့ကောင်တွေအကုန်ထွက် လာခဲ့ ကျန်တဲ့ကောင်နဲ့ ငါနဲ့ချမယ် အေ့!!!

အချိန်အားဖြင့် ညနေလေးနာရီခွဲ ငါးနာရီပတ်ဝန်း ကျင်။ အမေ့ဗိုက်ထဲကနေနွေဦးရာသီမို့ ပတ်ဝန်း ကျင်ကလင်းလင်းထင်းထင်းရှိနေသေးသည်။ ရွာထဲရှိလူအများစု အလုပ်မသိမ်းသေးသည့်အချိန်မို့ ရွာလယ်လမ်းမတစ်လျှောက် လူသူလေးပါး ရှင်းလင်းနေလေသည်။ တစ်နေကုန် ဖုန်မှုန့်
သဲမှုန့်တွေထဲမှာဆော့နေတာကြောင့် ညစ်တီး ညစ်ပတ်ဖြစ်နေသော ကလေးတစ်သိုက်မှာတော့ ဒီးဒီးလင်းလက်ယာအသံကိုကြားသည်နှင့်တပြိုင်တည်း နွားတင်းကုတ်ဆီပြေးသူကပြေး၊ ချုံပုတ်ထဲဝင်တိုးသူကတိုးဖြင့် ကိုယ်ယောင်ဖျောက်ကုန်ကြလေသည်။


 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now