Part - 5 ( Uni )

930 99 5
                                    

အပိုင်း - ၅


" ရည်းစားလိုချင်နေတဲ့ငါ့ရှေ့မှာ အတွဲလိုက်လာRoပြနေတဲ့လူတွေပါလား။ အို! ရှိရှိသမျှဘုရားရှင်အပေါင်းတို့ရယ် ဒီဘုန်းဝေစည်လေး ရည်းစားရဖို့ အလာကယ်ပါ အသွားကယ်ပါ
ကြုံရင်ကြုံသလိုကယ်တင်ပေးကြပါ"

*
*
*
*
*
*
*
*

ရွာ၏ အလှူနေ့။ ခြိမ့်ခြိမ့်သဲကျင်းပသည့်အလှူနေ့မို့ တစ်ရွာလုံးလည်း မနားရချေ။ ဘေးရွာမှလာသည့်ဧည့်သည်များကို တာဝန်ကျေအောင်ဧည့်ခံပေးနေရသည့် လူငယ်များသည်လည်း လူကြီးများနည်းတူအလုပ်ရှုပ်လှသည်။ တစ်နေ့ကုန်အလုပ်များ နေသော ရွာသူရွာသားများသည် ညနေနေဝင်ရီတရောအချိန်တွင်မူ အလှူအတွက်ရည်ရွယ်ပြီးချုပ်ထားသည့် အတ်အစားအသစ်တို့ကို အတောက်ပဆုံးဝတ်ဆင်ပြီး အထူးပင်တက်ကြွနေလေ၏။

တစ်ရွာလုံးရှိလူအများစုသည် မြို့ပေါ်မှငှါးထားသည့် နာမည်ကြီးဇာတ်ပွဲကိုကြည့်ရန်စိတ်လောနေသလိုပင် ဒီးဒီးတစ်ယောက်လည်း ဇာတ်စင်နှင့်ခပ်ဝေးဝေးတွင်ရှိသည့် မှောင်ရိပ်ကျနေသော ကောက် ရိုးပုံကြီးနားတွင် ဂနာမငြိမ်ဖြစ်နေတော့သည်။
ဒီနေရာက ကိုယ်တွေပိုင်သည့်လယ်မြေနေရာဖြစ်တာကြောင့် ဒီလိုညဘက်မျိုးဆို လူသွားလူလာရှင်းနေသည်။

ရည်းစားသက်တမ်း ၇နှစ်ကြာမှ ထိတ်တုံးရုံတွင်မဟုတ်ဘဲ ပထမဆုံးချိန်းတွေ့မည့်နေရာ။ ကျေးလတ်ဒေသရှိ ချစ်သူတို့၏ သဘာဝ ပထမဆုံးသီးသီးသန့်သန့်ချိန်းတွေမည့်နေရာဖြစ် တာကြောင့် ဒီကောက်ရိုးပုံကြီးသည် ရိုးရိုးသာမန်ကောက်ရိုးပုံကြီးမဟုတ်။ နောက်တစ်ချိန်မှာ ပြန်တွေးတိုင်းသတိရနေစေမည့် ဂန္တဝင်ကောက်ရိုးပုံကြီး ။ ချိန်းတွေ့မည့်နေကလည်း လပြည့်နေ့မို့ လမင်းကထိန်ထိန်သာနေ၏။

🎶 အောင်သွယ်တော် ဖိုးရွှေလမင်းရယ် တိမ်ထဲကိုဝင်ကာမပြေးနဲ့တောင်းပန်ပါတယ် 🎶

ပင်ကိုစိတ်ခံကရွှင်မြူးနေတာကြောင့် ရွာထဲကလူတွေ ဘယ်သူမှမသိအောင် ကိုယ်တိုင်ကိုယ်ကျ ရှယ်သထားသည့် ဂန္တဝင်ကောက်ရိုးပုံကြီးကိုကြည့်ကာ သီချင်းလေးပင်ညည်းနေလိုက်မိသည်။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now