Part - 8 ( Uni )

739 88 3
                                    

အပိုင်း - ၈


" ခွေးနှစ်ကောင် ကျွန်တော်ကိုထားခဲ့ပြီ "

ကိုယ့်စကားကြောင့် အစ်ကိုသည် ခပ်တိုးတိုးရီမောလေ၏။

" ဒါဆို အခုပြန်တော့နော်။ မနက်လောက်ဆို အစ်ကိုလာခဲ့မယ် "

" ဟုတ်ကဲ့အစ်ကို"

ကိုဟိန်းတစ်ယောက်လည်း ကိုယ့်ကိုကျောခိုင်းထွက်ခွာသွားသည့်ကောင်လေး၏ကျောပြင်ကိုကြည့်ရင်း အသက်ဝဝရှုလိုက်ပြီး အိမ်ထဲဝင်လာခဲ့တော့သည်။ ကြားဖူးနားဝါရှိထားသည့် အမေတို့ပြဿနာတွေက ဘာမှမဆိုင်သည့်ကိုယ်နဲ့ဖိုးရွှေဒီးအပေါ်ရောက်လာတာကိုတော့ တော်တော်ပင်စိတ်မကောင်းဖြစ်ရလေသည်။

*
*
*
*
*
*
*
*

" ငဟိန်း ငါနင့်ကိုစကားကုန်ပြောလိုက်မယ်။ နင်နဲ့ဟိုဟာလေး ဘယ်လိုမှမဖြစ်နိုင်ဘူး ။ အခုအိမ်မှာရောက်နေတဲ့ မခင်လှရဲ့သမီးလေးဟေမာန်ချမ်းမြေ့နဲ့ နင့်ကိုပေးစားဖို့ ငါတီးခေါက်ကြည့်တာ အဆင်ပြေတယ်။ ကလေးမလေးကသွက်သွက် လက်လက်လဲရှိတယ်၊ ပညာလေးလဲ တတ်တယ်။ ရုပ်ရည်လေးကြည့်တော့လဲ ဘယ်လောက်လှသလဲ။ နင်မြန်မြန်အသိတ ရားဝင်ပြီး ဟေမာန်လေးနဲ့လက်ထပ်ဖို့သာပြင်"

ကိုယ့်ကို ချက်ချင်းလက်ငင်းပင် မိန်းမပေးစားချင်နေသည့် အမေ့ကို ဘယ်လိုစကားနဲ့ နားဝင်အောင်ပြောရမလဲမသိတော့ချေ။ လှပတဲ့မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူပြီး သားသမီးတွေမွေးကာ သာယာသောအိမ်ထောင်တစ်ခုထူထောင်ချင်တာက ကိုယ့်အနာဂတ်အစီအစဉ်မဟုတ် ။ ကိုယ့်ရဲ့ အနာဂတ်စိတ်ကူးသည် ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်။။ ကိုယ်ဖိုးရွှေဒီးလေးနှင့်လက်ထပ်ကာ တစ်အိုးတစ်အိမ်ထူထောင်မည်။ လူမှုရေး၊ စီးပွားရေး ၊ မိသားစုအရေးတွေမှာ နှစ်ယောက် အတူတိုင်ပင်ကာလုပ်ဆောင်မည်။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်နေရမည့်အချိန် တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုပေးရင်း အေးချမ်းစွာနေထိုင်မည်။ ဒါကသာ ကိုယ့်စိတ်ကူးထားသည့်ပျော်ရွှင်မှုအစစ်အမှန်ဖြစ်၏။


" ငါနဲ့နင့်အဖေလဲ အသက်ကြီးလာပြီ။ နင်အိမ်ထောင်ပြုပြီးမွေးလာမဲ့မြေးလေးတွေကို ထိန်းချင်သေးတယ်။ ငါတို့မှာသားသမီးဆိုလို့ နင်တစ်ယောက်ပဲရှိတာ။ယောကျ်ားချင်းယူပြီးမျိုးဆက်အပြတ်မခံနိုင်ဘူး။ ငါပြောတာကြားလား "


 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now