Part - 2 ( Uni )

1.3K 111 6
                                    


အပိုင်း - ၂

❗ ဒီးဒီးလင်းလက်ယာဆိုတဲ့နာမည်မှာ နောက်က လင်းလက်ယာက ဆင်တူနေတာရှိလို့ ဒီးဒီးလင်းရောင်ခြည်လို့ပြန်ပြောင်းလိုက်ပါတယ်။ အပိုင်း ၁ ကိုအချိန်ရတာနဲ့ပြန်ပြင်ထားပါ့မယ်။

.........../\..........

" ကိုခန့်ရယ် ကျွန်တော်တို့ဒီညပြန်လို့ရအောင် ဘကြီးမောင် ကိုကူပြောပေးပါလားဟင် ။ ဘကြီးမောင်က ကျွန်တော် တို့ကိုသာကြည့်မရတာ ကိုခန့်ကိုတော့ချစ်တယ်လေ။ ကိုခန့်ပြောပေးရင် ရလောက်တယ် "

" မရဘူးထင်တယ်ကိုရွှေဒီးလေးရယ် လေးမောင်ကစိတ်တိုနေတယ်။ လိမ္မာတယ်မဟုတ်လား ဒီညတော့ဒီမှာပဲနေလိုက်နော်"

တကယ်လည်း ဒီညတော့ ထိတ်တုံးနဲ့ညားဖို့သေချာနေတာမို့ စိတ်ပျက်လက်ပျက်ဖြင့်လှဲအိပ်လိုက်တော့၏။ ကိုယ်တွေကို ကျောခိုင်းသွားသူ၏ နောက်ကျောကိုကြည့်ကာ စိတ်ကူးထဲပေါ်လာသော ပဒီးပဒါးစကားတွေကိုအသံကျယ်ကျယ်ဖြင့်အော်ဆိုလိုက်မိတော့၏၊

" ကိုကိုရယ် ကိုကိုရယ် သားကိုကယ်ပါကွယ်။ မကယ်နိုင်ဘူး ထဆင့်ထူး ဒဒွေးနှစ်လုံးပြူး "

*
*
*
*
*
*
*
*

" ဒီးဒီးလင်းရောင်ခြည် မင်းကတော့နော် ထိတ်တုံးစာမိနေတာတောင် ပါးစပ်ကအငြိမ်မနေတာပါလား "

အိမ်ပေါ်တွင်ရှိနေသော ဘကြီးမောင်၏ အသံကိုကြားရတော့မှ ဒီးဒီးလည်း ငြိမ်သွားရလေတော့သည်။ ဒီလိုနှင့် တဖြည်းဖြည်းညနေ,နေဝင်ချိန်သို့ ရောက်လာလေတော့၏။ တဝီဝီအော်
ခေါ်နေလေသော ခြင်းများအားသွေးလှူရင်း တစ်ညတာကိုဖြတ်သန်းဖို့ အားမွေးနေရလေတော့သည်။

" ဦးလေးမောင်! ဦးလေးမောင်! အောင်မလေး ခေါ်လိုက်ရတာလဲ သမုဒ္ဒရာအောက်အိပ်နေတဲ့ကာလနဂါးကအိပ်ရာနိုးမယ် ။ ဒီအိမ်သားတွေကတော့ အိပ်မပျော်ဆင်အော်မနိုးများဖြစ်နေသလားပဲ ။ ဦးလေးမောင်ရေ!အရီးလေး ဒီအိမ်သားတွေ "

" ဟဲ့ ခင်မူယာ ဘယ်နှယ်အသားကုန်အော်နေတာလဲ။ အိပ်ပျော်ရအောင် ဘယ်အချိန်ရှိသေးလို့လဲ။ နင့်အရီးလေးနဲ့ငါ ထမင်းစားနေလို့ နောက်ဖေးကနေပြန်ပြီးအသံပြုနေတာကို နင့်မယ်မကြားဘဲနဲ့ "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now