Part - 9 ( Uni )

842 84 5
                                    

အပိုင်း - ၉

" ဒီကဖိုးရွှေဒီးလေးက ပဲနို့တွေအသောက်များပြီး မူးနောက်နောက်ဖြစ်သွားလို့ ပြောမိပြောရာ ပြောလိုက်မိတာပါ။အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ။ မေတ္တာရှေ့ထား ခွင့်လွှတ်နားလည်ပေးပါနော် ။ ပြန်မပြောကြေး နော် နော် နော်လို့"

ကိုယ့်စကားကြောင့် အစ်ကိုကတဟားဟားအော်ရီသည်။ ထိုရီသံကြောင့် မဟေမာန်တစ်ယောက် အနောက်ကိုလှည့်ကြည့်လာ၏။ ကိုယ့်မှာတော့ ဖင်ကုတ်ခေါင်းကုတ်။

*
*
*
*
*
*
*
*

လရောင်သည် ထိန်ထိန်သာနေလေသည်။ လေပြည်လေညင်းတို့၏တိုက်ခတ်သည့်အသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏ ။ ညကြီးမိုးချုပ်ချိန်မှ ရွာပြင်ရှိသစ်ပင်ကြီးတစ်ပင်ကိုမှီပြီး ပျင်းရိစွာထိုင်နေသူနှစ်ယောက်ရှိလေသည်။

" ငမောင် "

" ဘာလဲ "

" ငါတို့ ဟိုနှစ်ယောက်ကို ဘယ်အချိန်ထိ ထိုင်စောင့်နေရမှာလဲ "

" သိမလားဟ သူတို့ပြန်ထွက်လာတဲ့အချိန်ထိပေါ့ "

" သူတို့်နှစ်ယောက်လဲနော် တစ်နေကုန်တွေ့ချင်တိုင်းတွေ့နေရတာကို တကူးတကချိန်းတွေ့နေသေးတယ်။ ချိန်းတွေ့တိုင်းလဲ အဲကောက်ရိုးပုံဆီပဲသွားနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ "

" ရွာထဲမှာအမြဲတွေ့နေရတာထက် ချိန်းတွေ့ရတာပိုကောင်းလို့နေမှာပေါ့ကွာ။ ဘာတဲ့ ငဒီးပြောတဲ့ ဂန္တဝင်ကောက်ရိုးပုံကြီးဆိုလား "

" ဂန္တဝင်ကောက်ရိုးပုံမှာ သူတို့ဘာသာချိန်းတွေ့တာအကြောင်းမဟုတ်ဘူး။ တစ်ခါလေး လိုက်ချောင်းမိပါတယ် သောက် ကျိုးနည်း အတွဲလိုက်စောင့်ပေးရတဲ့ဘဝရောက်သွားရော။သူတို့ကြတော့ချစ်ကြည်နူးနေပြီး ငါတို့ကြတော့ သစ်ပင်ဖက်
နေရတယ်"

" စကားများလိုက်တာ ငချိန်ရယ်။ သစ်ပင်ကိုမဖက်ချင်ရင် ငါ့ကိုသာ လာဖက်နေလိုက်တော့။ ထိုင်နေရတာပျင်းရတဲ့ကြားထဲ မင်းကပါအနားလာပြီး ပွစိပွစိနဲ့။ တကယ့်အာရုံပဲ "

" အောင်မလေး ဒါလေးပြောမိတာကို အာရုံနောက်တယ်လေးဘာလေးနဲ့။ ငါ့ပါးစပ်နဲ့ငါပြောတာ မင်းအခွန်ဆောင်နေရလို့လား။ အခုမှလာပြီး သူ့ကိုယ်သူတည်ငြိမ်သူကြီးဒီဇိုင်းနဲ့ "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now