Part - 6 ( Uni )

802 92 4
                                    

အပိုင်း - ၆


" ငှက်ဆိုးတောင် အချစ်ငှက်ဖြစ်အောင်ပြောတတ်တဲ့ ေ-ာက်ပိုကောင်ငဒီးရေ မင်းလဲ ဘဝဆက်တိုင် မောင်းထောင်းရတဲ့မောင်းတံမဖြစ်ရပဲ ဆီထွက်ရတဲ့ မောင်းထောင်ခွက်ဖြစ်ပါစေကွာ  "

" ဟာ!! ဘယ်သူတွေလဲ "

ရုတ်ရုတ်သဲသဲဖြစ်သွားသော ဂန္တဝင်ကောက်ရိုးပုံကြီးနားတွင် ပုဆိုးစလွယ်သိုင်းထွက်ပြေးသွားသူနှင့် အော်ဟစ်ဆဲဆိုသည့်အသံများပြန့်လွင့်လာတော့ ၏။

" ငါ -ိုး ဒီခွေးသူတောင်းစားနှစ်ကောင် ဘယ်အချိန်ထဲကရောက်နေတာလဲ ။မနက်ဖြန်ငါနဲ့တွေ့ရင် တောင် မင်းတို့နှစ်ကောင် အသေပဲ"

*
*
*
*
*
*
*
*

တစ်ညလုံးကြက်ပျံမကျစည်ကားနေခဲ့သော အေးသာယာရွာလေး၏ နောက်တစ်နေ့မနက်ခင်းတွင်မူ မထင်မှတ်ထားသည့် သတင်းနှင့်အတူ တစ်ရွာလုံး အံ့အားသင့်စရာအဖြစ်ကစောင့်ကြိုနေလေ၏။

" အောင်မလေးအရပ်ကတို့ရေ လူကြားလိုမှမကောင်း တစ်ခါလေးသူများနဲ့ထည့်လိုက်တယ် တစ်ခါထဲကိုလင်နောက်လိုက်သွားတာတဲ့ ။ ဒီလိုမှန်းသိရင် ပွဲကြည့်ဖို့လိုက်မပို့ပါဘူးတော်"

ရင်ဘက်စည်တီးပြီး ငိုနေသောဒေါ်ချစ်တင်၏အသံသည် ညေးအိမ်တွေအထိပါကြားနေရတော့၏။

" စိတ်ထိန်းပါမချစ်တင်ရယ် ။ အခုဟာက ဖြစ်ပြီးသွားပြီလေ။ ဟိုဘက်က ဘယ်လိုဆက်သွယ်ပြောဆိုလာမလဲစောင့်ရအောင်နော် "

" ဘယ်လိုဆက်သွယ်,ဆက်သွယ် ဒီကောင်မကို ငါလက်မခံဘူး။ မိဘအရှက်ကိုခွဲတဲ့ကောင်မ "

" အဲလိုတွေလဲမတွေးပါနဲ့မချစ်တင်ရယ်။ ကိုယ်ကသမီးရှင်လေ။ သားသမီးဂုဏ်မငယ်အောင်တော့ တွေးရမှာပေါ့။ ကိုယ်က ပြန်လက်မခံနိုင်ပါဘူးဆိုပြီးပြောနေတော့ တော်ကြာဟိုဘက်က ကိုယ်သမီးလေးကိုနှိမ်မယ်လေ။ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့မှမရတော့တာတော် ။ စိတ်ကိုလျှော့ပါရှင်"

မနေ့ကရွာအလှူမှာလူစည်ကားသလိုပဲ ဒီနေ့တော့ ဒေါ်ချစ်တင်အိမ်တွင် လူစည်ကားနေလေသည်။ ဒေါ်ချစ်တင်သမီးအငယ်မ လင်နောက်လိုက်သွားကြောင်းကို သိသွားကြသောရွာမှအမျိုးသမီးတချို့က အိမ်တိုင်ရာရောက် လာနှစ်သိမ့်နေကြခြင်းဖြစ်သည်။ ဒေါ်ချစ်တင်သမီးလင်နောက်လိုက်တာက ဒီရွာမှာကြုံတောင့်ကြုံခဲအခြေအနေကိုး။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now