Part - 3 ( Uni )

1.1K 91 7
                                    


အပိုင်း - ၃

" ငဟိန်းရယ် ဒီလိုသာ ရည်းစားမျက်နှာတစ်ကမ္ဘာလုပ်နေမယ်မှန်းသိရင် နင်ကိုမွေးပြီးပြီးချင်းဗိုက်ထဲပြန် ထည့်ထားပါတယ်။သားလေးတစ်ယောက် တော် လှတော်လှနဲ့ အခုတော့ ယောင်းမမြင်းစီးထွက်ယုံမကဘူး ကဆုန်ပေါက်ကိုထွက်တာ "

ရွာလမ်းတစ်လျှောက်ခပ်မြန်မြန်လျှောက်နေသည့် ကောင်လေးတစ်ယောက်လက်ထဲမှာတော့ အဆာပြေစားဖို့မုန့်လေးတွေရယ်၊ ရေဘူးလေးရယ်၊ ခြင်ဆေးခွေနှင် စောင်ပါးပါးလေးတစ်ထည်ထည့်ထားသည့်အိတ်လေးကို ကိုင်ထားလေတော့သည်။

*
*
*
*
*
*
*
*

" လေးမောင်! လေးမောင်! အရီးလေး "

အိမ်ရှေ့ခြံဝမှာ ခပ်တိုးတိုးအော်ခေါ်နေသံကြောင့်
ဒေါ်မြတင် တစ်ယောက် ခြင်ထောင်ထဲဝင်လှဲအိပ်ပြီး ပုတီးလေးစိပ်နေရာမှ အပြင်ကိုနားစွင့်လိုက်မိသည်။

" အရီးလေး အိပ်နေပြီလား "

အိမ်ကအဘိုးကြီးရဲ့ဘုရားဝတ်တက်သံနှင့်အတူ တူဖြစ်သူ၏အသံကိုကြားလိုက်ရတာကြောင့် အိပ်ရာထဲမှထလိုက်ပြီး အိမ်ရှေ့ခြံထဲဆင်းလာလိုက်၏။
ထင်သည့်အတိုင်း လက်ထဲမှာဓာတ်မီးလေးကိုင်
အခြားလက်တစ်ဖက်မှာ အထုပ်လေးတစ်ထုပ်
ဆွဲထားသည့် တူတော်မောင်အားတွေ့လိုက်ရ၏။
ဒီးဒီတစ်ယောက် ထိတ်တုံးခတ်ထားခံရသည့်ညတိုင်း ဒီကလေးပါရောပြီးဒုက္ခခံနေတာအမြဲဖြစ်သည်။ ထိတ်တုံးခတ်ခံရသူ၏အနားမှာ တစ်ညလုံးငုတ်တုတ်ထိုင်ပြီး အိပ်ရေးပျက်ခံရှာ၏။

ရွာအနေအထားနှင့် ယောကျ်ားလေးနှစ်ယောက်
ကြားက ပိုလွန်းနေသည့်သံယောဇဉ်တွေကို တချို့ က ကဲ့ရဲ့ချင်နေတာကိုလည်းသိသည်။ ဒါကြောင့်
ကြီးတော်တစ်ယောက်အနေဖြင့် ကိုယ့်တူကိုယ် တိုးတိုးသက်သာဆုံးမချင်သော်လည်း ကလေးနှစ် ၏ငယ်သံယောဇဉ်ကို အတွင်းသိအစဉ်းသိဖြစ်နေတာကြောင့် ပြောချင်သည့်စကားတွေက လည်ချောင်းဝမှာတင် ရပ်တန့်နေလေ၏။ ကိုယ့်အနေနဲ့ နားချလို့ရဖို့ဝေးလို့ ဒီဘဝတင်မက နောင်ဘဝအဆက်ဆက်မှာတောင် တည့်ဖို့လမ်းမမြင်သော သူတို့အမေတွေကိုယ်တိုင်တောင် နည်းမျိုးစုံသုံးပြီးတားနေတဲ့ကြားက တားမရလို့ လက်လျှော့လိုက်တာကိုး ။ နောက်ဆုံးတော့ ကိုယ့်တူလေးကလိမ္မာလွန်းသလို ဒီးဒီးကလည်း လူငယ် သဘာဝ စစနောက်နောက်နဲ့
ပျော်ပျော်နေတတ်တာကလွဲရင် ရိုင်းရိုင်းစိုင်းစိုင်းမရှိတဲ့ကလေးမို့ သူတို့ဖူးစာပါရင်တော့ ရှောင် လို့မရဘူးဆိုသည့်စိတ်ကိုသာမွေးထားလိုက်ရသည်။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now